BEC-TERO TV

ဟဲဗီးဝိတ်လူသန်ကြီးကို အလဲထိုးပြီး အနိုင်ယူမည်ဟု အောင်လအန်ဆန်း ပြောကြား

28 Sep 2017     1,478 Views


ONE မစ်ဒယ်ဝိတ်တန်း ချံပီယံ အောင်လအန်ဆန်း (မြန်မာ့စပါးအုံး) က နောက်နှစ်မှာ သူ့ရဲ့ချံပီယံခါးပတ်ကို လုယူမည့် စိန်ခေါ်ပွဲအတွက် ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လောလောဆယ်မှာတော့ သူရဲ့အိမ်မက်ကို အကောင်ထည်ဖော်မည့် ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရှိရသည်။


အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ONE မစ်ဒယ်ဝိတ်တန်း ချံပီယံ အာင်လအန်ဆန်းဟာ လာမည့် နိုဝင်ဘာ ၃ ရက်နေ့မှာ ထိုင်းရိုးရာကစ်ဘောက်ဆင် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချံပီယံဟောင်း အသက် ၄၂ နှစ်အရွယ် လူသန်ကြီး အေလီယန် နဂါလာနီ (သစ်နက်) နဲ့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ထိပ်တိုက်ရင်ဆိုင် ထိုးသတ်တော့မှာဖြစ်ပါတယ်။


လွန်ခဲ့သော သုံးလခန့်ကမှ ရုရှားနိုင်ငံမှ ဗိုက်တလေ ဘစ်ခ်ဒက်ရှ်ကို အနိုင်ရခဲ့ပြီး ONE မစ်ဒယ်ဝိတ်တန်း ချံပီယံခါးပတ်ကို အရယူခဲ့တဲ့ အောင်လအန်ဆန်းက ONE Championship က ထပ်မံကျင်းပမယ့် ဝိတ်တန်းအလွတ် စိန်ခေါ်ပွဲကို လက်လွတ်မခံပဲ ရဲရဲရင့်ရင့် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ကျွန်တော်သဘောကျတယ်။ ထူးထူးခြားခြားလေးမို့လေ၊ ဒီလိုဝိတ်တန်းမရွေး ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အခွင့်အရေးက ကိုယ်ခံပညာစိန်ခေါ်ပွဲတွေမှာ တွေ့ရခဲ့ပါတယ်။ ဒီပွဲက အရမ်းမိုက်မှာ သေချာပါတယ်

ဒါဟာ အိမ်မက်တစ်ခုလို့တောင် ခံစားရပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တစ်လျှောက်လုံး ဖြစ်ချင်ခဲ့တဲ့ဆန္ဒကို ကျွန်တော်ရဲ့ မွေးရပ်မြေက ကျွန်တော်ရဲ့ ပရိသတ်တွေရှေ့မှာ ချပြခွင့်ရတော့မှာဖြစ်လို့ ပျော်နေပါတယ်

ပထမအချီ ငါးမိနစ်အတွင်းမှာပဲ သူ့ကိုပြာသွားအောင် လုပ်ပစ်မယ်၊ အဲဒီကနေ တစ်ဖြည်းဖြည်း အားလျော့လာတဲ့အခါကျရင်တော့ အလဲထိုးပြီး ပွဲသိမ်းပစ်” ဟု အောင်လအန်ဆန်းက စိတ်ဓါတ်တက်ကြွစွာ ပြောကြားခဲ့ပါတယ်။


တစ်ဖက်က ဟောင်ကောင်ကိုယ်စားပြု ထိုးသတ်မယ့် လူသန်ကြီး အေလီယန် နဂါလာနီ ဟာ လျှင်မြန်ဖြတ်လတ်တာကြောင့် (သစ်နက်)လို့လည်း အများက တင်စားထားခြင်းဖြစ်ပါတယ်။


ကျွန်တော်ဘယ်သူ့ကိုမဆို ဖြိုနိုင်တယ်ဆိုတာ နဂါလာနီကို အနိုင်ယူပြီး ပြသသွားမယ်၊ ပြီးတော့ နောက်ထပ်စိန်ခေါ်လာမယ့် လူတွေကိုလည်း ကျွန်တော့မှာ အခြားအရည်အချင်းတွေ ရှိသေးတယ်ဆိုတာကိုလည်း သိစေပါမယ်။ ကိုယ်ခံပညာလောကမှာ အခြားပြိုင်ဖက်တွေကို နည်းအမျိုးမျိုးနဲ့ ခြောက်ထားဖို့လည်း လိုအပ်ပါတယ်


သိုင်းပေါင်းစုံပွဲမှာ ကစားကွက်ပုံစံတစ်မျိုးထဲနဲ့ လူတိုင်းကို ယှည်ပြိုင်လို့ မရနိုင်ပါဘူး၊ ဒါကလည်း ကိုယ်ခံပညာရဲ့ အလှတရားတစ်ခုပါ။ ယှည်ပြိုင်ဖို့ နည်းလမ်းတွေအများကြီးရှိသလို အဆုံးသတ်ဖို့လည်း နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်မှာ ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားလဲဆိုတာ အနိုင်ယူပြီး ပြသသွားပါမယ်” ဟု အောင်လအန်ဆန်းက ပြောကြားခဲ့သည်။
 


28 Sep 2017     1,478 Views




RELATED

Most Popular of Boxing

Most Popular of NEWS