BEC-TERO TV

ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀မှာသွင်းဂိုးစံချိန်သစ်တွေထပ်မံရရှိခဲ့တဲ့စီရော်နယ်ဒို

29 Sep 2017     1,254 Views


ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှုးစီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပွဲ(၄၀၀)မြောက် ပွဲအဖြစ် ပါဝင်ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်မှာ၊သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ စံချိန်သစ်တွေ ထပ်မံရရှိခဲ့ပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက တင်ဆက်ပေးမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ကို ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ပြီး၊ရီးရဲလ်မက်ဒရစ်အသင်းက (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာရီးရဲလ် မက်ဒရစ်အသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘ၀ ပြိုင်ပွဲစုံ ပွဲ (၄၀၀) ပြည့်ချိန်မှာ ဂိုးသွင်းယူနိုင်တဲ့စံချိန်တစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူပါဝင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေနဲ့ အကြိမ်(၂၀)ရင်ဆိုင်ကစားခဲ့ရပြီး၊သွင်းဂိုး(၂၅) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးတွေ ထဲမှာ ဒေါ့မွန်အသင်းဘက်ကိုသွင်းယူခဲ့တဲ့ ဂိုးတွေကအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။ စီရော်နယ်ဒို ဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်ရှိခဲ့တဲ့ (၂၀၀၉-၂၀၁၀) ဘောလုံးရာသီမှစတင်ပြီး၊ယခုနှစ်ဘောလုံးရာသီ မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲ (၄၀၀) မှာ၊သွင်းဂိုး (၄၁၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ဂိုးဖန်တီးမှု (၁၂၅) ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဒ့ါအပြင်ကစားသမားသက်တမ်းတစ် လျှောက် ပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာသွင်းဂိုး (၁၀၉) ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ချန်ပီယံလိဂ်သမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

 


29 Sep 2017     1,254 Views




RELATED

Most Popular of Football

Most Popular of Sport