BEC-TERO TV

ဝမ်းတွင်းအူကျရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     2,074 Views


ဝမ်းတွင်းအူကျရောဂါအကြောင်းသိကောင်းစရာ

ခန္ဓာကိုယ်ရဲ့ဝမ်းတွင်းခေါင်းမှာရှိတဲ့ ကြွက်သားတွေလျော့နေတဲ့နေရာမှာရှိတဲ့အပေါက်လေးတွေကနေပြီးတော့ အိတ်လေးတစ်လုံးဖြစ်ပေါ်လာတယ်လို့ပြောလို့ရပါတယ်။အူကျွံခြင်းမှာပုံသဏ္ဍန်(၅)မျိုးရှိပါတယ်။ပေါင်ခြံမှာဖြစ်တဲ့အူကျခြင်းကိုတော့အမျိုးသမီးတွေတော်တော်များဖြစ်တာကိုတွေ့ရှိရပါတယ်။ခွဲစိတ်ထားတဲ့အူနေရာကနေ အူကျွံတာပဲဖြစ်ပါတယ်။
 
ပေါင်ခြံထိပ်မှာဖြစ်တဲ့အူကျခြင်းကိုတော့အမျိုးသားတွေမှာအဖြစ်များပါတယ်။ချက်တိုင်ကနေအူကျွံခြင်းဆိုပြီးရှိပါတယ်။ဖြစ်ပွားတဲ့အကြောင်းအရင်းကတော့အတိအကျမရှိပါဘူး။တစ်ချို့ကတော့အလေးအပင်တွေအရမ်းမလို့ဖြစ်တယ်၊တစ်ချို့ကတော့ဝမ်းချုပ်တဲ့အခါမှာ အရမ်းညစ်တဲ့အခါမျိုးဖြစ်တက်တယ်။ ဆီးကျိတ်ကြီးတဲ့သူတွေက ဆီးကိုအားနဲ့သွားတဲ့အခါမျိုးတွေလည်းဖြစ်တက်တယ်လို့သိရပါတယ်၊ဘာကြောင့် ဖြစ်ရတယ်ဆိုတာတေ့ာတိတိကျကျမသိရပါဘူး။
 
နာတာရှည်ချောင်းဆိုးတဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အာဟာရချို့တဲ့တဲ့သူတွေ၊ဗိုက်မှာရေဖျင်းဆွဲတဲ့သူတွေ မှာကလည်းအူကျွံခြင်းကိုဖြစ်စေနိုင်တယ်လို့လည်းပြောပါ တယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အလုံးကြီးကိုစပြီးသတိထားမိတယ်၊နေရထိုင်ရနဲနဲခက်လာမယ်။ တစ်ခါတစ်လေ အူကျတာကဆိုရင်အမျိုးသားတွေရဲ့ကပ်ပယ်အိတ်ထဲကိုကျလာတယ်၊ တစ်ခါတစ်လေအပေါ်ကို ပြန်ပြီးတော့တွန်းတင်လို့ရတာမျိုးရှိပါတယ်။
 
တစ်ခါတစ်လေကျရင်လည်းအဲ့နေရာကနာလာတာမျိုးလည်းဖြစ် တက်တယ်။ဒီအခြေအနေတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်ကိုအမြန်ဆုံးပြသသင့်ပါတယ်။အူကျွ့တာကနေတစ်ဆင့်အူပုတ်တာ၊ အူအနာဖြစ်သွားတာတို့ဖြစ်တက်ပါတယ်။အဲ့အခါကျရင်ခွဲစိတ်ရတဲ့အထိဖြစ်တက်ပါတယ်။
 
အူကျွံ တာပဲဖြစ်ဖြစ်၊ အူကျတာပဲဖြစ်ဖြစ်သတိထားမိပြီဆိုရင်သက်ဆိုင်ရာဆရာဝန်ကိုအမြန်ဆုံးပြသသင့်ပါတယ်။ အဆိုးရွားဆုံးအအြေနေကတော့အူပုတ်သွားတဲ့အထိဖြစ်နိုင်ပါတယ်။အူကျခြင်း၊ အူကျွံခြင်းအတွက်အကောင်း ဆုံးကုသခြင်းကတော့ခွဲစိတ်ကုသခြင်းပဲဖြစ်ပါတယ်။ဗိုက်ခွဲပြီးကုသရတဲ့နည်းတွေ ရှိသလို ကုဒ်နဲ့ခွဲတဲ့ကုသနည်း တွေလည်းရှိလာပါပြီ။အလေးအပင်မတာတွေကိုသတိထားပြီးမဖို့၊နည်းလမ်းမှန်မှန်နဲ့ မဖို့၊၀ိတ်လျော့ဖို့၊ဝမ်းချုပ်သူ များကလည်းဝမ်းမှန်အောင်ပြုလုပ်ခြင်းအားဖြင့် အူကျွံခြင်း ၊ အူကျခြင်း မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

10 Jun 2015     2,074 Views




RELATED

Most Popular of Health Fix

Most Popular of Life Style