BEC-TERO TV

ပြိုင်ဘက်အသင်းတွေရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှ ဂိုးတွေရရှိခဲ့သည့်ဘာစီလိုနာအသင်း

02 Oct 2017     1,284 Views


ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ (၈) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ၊ ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှရရှိခဲ့တဲ့ သွင်းဂိုး (၄) ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) အဖြစ် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့အိမ် ကွင်းကို သွားရောက်ကစားခဲ့ရပြီး၊တစ်ဂိုး ဂိုးမရှိရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ယခုပွဲစဉ်မှာ ဘာစီလိုနာအသင်း ရရှိခဲ့ တဲ့သွင်းဂိုးကပြိုင်ဘက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှ ရရှိခဲ့တာဖြစ်ပါတယ်။

` အဆိုပါသွင်းဂိုးအပါအ၀င် ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ (၈) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ပြိုင်ဘက်ကစားသမား တွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှရရှိခဲ့တဲ့ ဂိုးအရေအတွက် (၄) ဂိုးအထိရှိနေခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးဂိုးက လာလီဂါ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ပွဲစဉ်အတွင်းကဖြစ်ပြီး၊ပွဲချိန် (၃၆) မိနစ်မှာ ရရှိခဲ့ တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဘာစီလိုနာအသင်းက (၂) ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဂျီရိုနာအသင်းရဲ့အိမ်ကွင်း မှာသွားရောက် ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်(၆)မှာလည်း ပြိုင်ဘက်နောက်တန်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှ သွင်းဂိုး (၂) ဂိုးအထိ ရရှိခဲ့ပြီး၊ အဝေးကွင်းမှာ (၃) ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ဘာစီလိုနာ အသင်းဟာ ပြိုင်ပွဲစုံ (၈) ပွဲမှာ ပြိုင်ဘက်နောက်တန်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် (၃) ပွဲအထိရှိခဲ့ပြီး၊ အဆိုပါ (၃) ပွဲမှာ သွင်းဂိုးအရေအတွက် (၄) ဂိုးအထိရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ပြိုင်ပွဲစုံ (၈) ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်က (၂၄) ဂိုးရှိနေပြီး၊ တိုက်စစ်မှုးမက်ဆီရဲ့ သွင်းဂိုး(၁၁)ဂိုးရဲ့နောက်မှာ Own Goal ရရှိမှုက ဒုတိယအများဆုံးအဖြစ်ရှိနေပါတယ်။


02 Oct 2017     1,284 Views




RELATED

Most Popular of Football

Most Popular of Sport