BEC-TERO TV

အတောင့်တင်းဆုံးအသင်းဖြစ်ကြောင်း သက်သေပြခဲ့သည့် မန်စီးတီး

03 Oct 2017     1,277 Views


ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက အနိုင်ရရှိခဲ့ပြီး ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အင်အားအတောင့်တင်းဆုံး အသင်းအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲစဉ်တလျောက်လုံးအသာစီးနဲ့ ကစားခဲ့ပြီး ချယ်ဆီး ကစားသမားဟောင်း ဒီဘရိုင်းရဲ့ အသင်းဟောင်းဘက်ကို ပြန်လည်သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးနဲ့ (၁)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်သလို နှစ်သင်းစလုံးအတွက် အမှားခံလို့မရတဲ့ပွဲစဉ်မှာ မန် စီးတီးအသင်းက ကစားသမားအင်အားတောင့်တင်းမှုနဲ့အတူ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံချယ်ဆီးအသင်းက ပွဲစဉ်(၇)မကစားခင်ကတည်းက မန်စီးတီး၊ မန်ယူတို့နဲ့(၃)မှတ် ကွာဟနေပြီး ယခုမန်စီးတီးနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အဆင့်(၄)နေရာကိုရောက်ရှိခဲ့ပြီး မန်စီးတီး၊ မန်ယူအ သင်းတို့နဲ့ (၆)မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းကို(၂)ကျော့ လုံးရှုံးနိမ့်ခဲ့ပေမယ့် ယခုနှစ်ရာသီမှာ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး အဝေးကွင်းမှာတောင် ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ရာသီမတိုင်ခင်အသင်းရဲ့ ပြင်ဆင်မှုကလည်း အကောင်းဆုံးအနေအထားမှာ ရှိခဲ့သလို နည်းပြဂွါဒီယိုလာစိတ်တိုင်းကျ အသင်းက ပြင်ဆင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလို သက်ကြီး ကစားသမားတွေများတဲ့အနေအထားမှာ မရှိတော့ပဲ လူငယ်ကြယ်ပွင့်တွေနဲ့ ပေါင်းစပ်ထားသလို ဒီဘရိုင်း၊ ဆာနေး၊ ဂျေးဇူ၊စတာလင်တို့လိုလူငယ်တွေရှိနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့အတောင့်တင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရတာဖြစ်ပါတယ်။လက်ရှိမန်စီးတီးအသင်းဟာ ပွဲစဉ်(၇)ပွဲကစားထားရာမှာ တစ်ပွဲသာသရေကျ ထားပြီး (၆)ပွဲနိုင်ကာ ရဂိုးက(၂၂)ဂိုးနဲ့ ပေးဂိုး(၂)ဂိုးသာရှိထားတာဖြစ်ပါတယ်။

 


03 Oct 2017     1,277 Views




RELATED

Most Popular of Football

Most Popular of NEWS