BEC-TERO TV

Oversized shirt အင်္ကျီတွေကိုစတိုင်လ်ကျအောင် ၀တ်နည်း (၅) မျိုး

07 Oct 2017     1,422 Views


အင်္ကျီအမျိုးအစားတွေထဲမှာ oversized အင်္ကျီတွေလောက် သက်သောင့်သက်သာဖြစ်တဲ့ အင်္ကျီဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် သက်သောင့်သက်သာရှိတာ မှန်ပေမယ့်လည်း oversized အင်္ကျီတွေကို ၀တ်တဲ့အခါ ဖက်ရှင်ကျကျနဲ့ ၀တ်ဆင်တတ်ဖို့က အရေးကြီးပါတယ်။ အဲ့ဒါကြောင့် oversized shirt အင်္ကျီတွေကိုစတိုင်လ်ကျကျ ၀တ်ဆင်နိုင်တဲ့ နည်းလမ်း (၅)မျိုးကို ဖော်ပြလိုက် ပါတယ်။

 

အင်္ကျီအမျိုးအစားတွေထဲမှာ oversized အင်္ကျီတွေလောက် သက်သောင့်သက်သာဖြစ်တဲ့ အင်္ကျီဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် သက်သောင့်သက်သာရှိတာ မှန်ပေမယ့်လည်း oversized အင်္ကျီတွေကို ၀တ်တဲ့အခါ ဖက်ရှင်ကျကျနဲ့ ၀တ်ဆင်တတ်ဖို့က အရေးကြီးပါတယ်။ အဲ့ဒါကြောင့် oversized shirt အင်္ကျီတွေကိုစတိုင်လ်ကျကျ ၀တ်ဆင်နိုင်တဲ့ နည်းလမ်း (၅)မျိုးကို ဖော်ပြလိုက် ပါတယ်။

Oversized shirt အင်္ကျီနဲ့ Jean ဘောင်းဘီတစ်ထည်က သင့်ကိုသက်သောင့်သက်သာ ဖြစ်စေရုံသာမက စတိုင်လ်လည်း ကျစေပါတယ်။ ဒါပေမယ့် oversized shirt ကို Jean ဘောင်းဘီထဲအကုန်ထည့်ပြီး ၀တ်တာထက် shirt အင်္ကျီရှေ့ဖျား ဒါမှမဟုတ် ရှေ့ဖျားတစ်ဖက်ကိုဘဲ Jean ဘောင်းဘီထဲထည့်ဝတ်တာက သင့်ကိုပိုပြီး စတိုင်လ်ကျစေသလို အခုခေတ် ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

တကယ်လို့ သင်က shirt အင်္ကျီု Jean ဘောင်းဘီထဲထည့်ဝတ်ရတာကို မကြိုက်ဘူးဆိုရင်တော့ ခါးမှာ Jean jacket ဖြစ်ဖြစ် leather jacket ဖြစ်ဖြစ် စည်းပြီးဝတ်လိုက်ပါ။ ဒီ design က သင့်ကိုမိန်းမသိပ်မဆန်စေပေမယ့် သက်သောင့်သက်သာ ဖြစ်စေပြီးစတိုင်လ်ကျစေမှာပါ။

နောက်တစ်နည်းကတော့ oversized shirt အင်္ကျီပေါ်မှာခါးပတ်ကြီးကြီးဒါမှမဟုတ် ရိုးရှင်းတဲ့ ခါးပတ်သေးသေးလေး တွေအပြင် လိုက်ဖက်တဲ့ ပုဝါစလေးတွေကို သင်ကြိုက်သလိုချည်နှောင်ပြီး ၀တ်ဆင်နိုင်ပါတယ်။ ဒီနည်းကတော့ မိန်းမဆန် စေသည့်အပြင် စတိုင်လ်လည်းကျစေပါတယ်။

Oversized shirt အင်္ကျီတွေကို ဂါဝန်အနေနဲ့လည်း ၀တ်ဆင်နိုင်ပါတယ်။ ပူပြင်းလွန်းတဲ့ နေ့တွေမှာ oversized shirt အင်္ကျီတစ်ထည်၊ sneaker တစ်ရံနဲ့တင် သင့်ကိုစတိုင်လ်ကျစေပြီး သက်သောင့်သက်သာဖြစ်စေမှာပါ။ ဒါပေမယ့် ဂါဝန်အနေနဲ့ ၀တ်ဆင်မယ်ဆိုရင်တော့ ကိုယ်နဲ့အရမ်းကြီးလွန်းတဲ့ shirt တွေထက် အတော်အသင့်ဘဲကြီးတဲ့ shirt တွေကိုသာ ရွေးချယ်ဝတ်ဖို့ အကြုံပြုပါရစေ။

ပူပြင်းတဲ့ နေ့ရက်တွေမှာ T-shirt နဲ့ Jean အပြင် အပေါ်ကနေ oversized shirt တစ်ထည်ကို ထပ်ဝတ်လိုက်ပါ။ ရိုးရှင်းပေမယ့်လည်း သင့်ကိုသက်သောင့်သက်သာဖြစ်စေပြီး စတိုင်လ်ကျစေမှာပါ။


07 Oct 2017     1,422 Views




RELATED

Most Popular of Special or Others

Most Popular of Life Style