BEC-TERO TV

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဝင်ခွင့်ရဖို့ဆိုရင် ဒါတွေသိဖို့လိုမယ်

08 Oct 2017     1,651 Views


နိုင်ငံတစ်ကာတွင် ပရိသတ်အားပေးမှု နံပါတ်တစ်နေရာက ရပ်တည်နေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲ အစီစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲဝင် လျှောက်လွှာများကို အွန်လိုင်းမှ စတင်ခေါ်ယူလျှက်ရှိသည်။

ပြိုင်ပွဲဝင်လိုသူများအနေနဲ့ အွန်လိုင်းဖောင်တစ်မျိုးတည်းဖြင့်သာ ပေးပို့နိုင်ပြီး ဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ (၃)ရက်နောက်ဆုံးထားပြီး The Voice Myanmar Facebook စာမျက်နှာတွင် ဝင်ရောက်လျှောက်ထားကြရမည်ဖြစ်သည်။

မြန်မာစကားပြောတတ်ပြီး အသက် (၁၅) နှစ်နှင့်အထက် တေးစီးရီးအယ်လ်ဘမ် မထွက်ဖူးသေးသည့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ သီချင်းအမျိုးအစား မျိုးစုံနှင့် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။
အသံစစ်ဆေးမှုများကို မန္တလေး (နိုဝင်ဘာ ၁၄) နှင့် ရန်ကုန် (နိုဝင်ဘာ ၂၁) တို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အွန်လိုင်းဖောင် လျှောက်လွှာများထဲမှ ပြန်လည်စိစစ်ရွေးချယ်ပြီး အသံစစ်ဆေးရန် ရွေးချယ်ခံရသူများကို ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအတွက် ဖြည့်စွက်ပုံစံကို နမူနာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
 

ပထမဦးစွာ The Voice Myanmar Facebook Page ကိုသွားပြီး၊ ထိပ်ဆုံးရှိ “Sign Up” ကို နှိပ်ပါက အွန်လိုင်းလျှောက်လွှာပုံစံကို တွေ့ရပါလိမ့်မည်။
(ဘေးတွင် ကြယ်ပွင့်အနီရောင် ပြသထားသောကွပ်လပ်များ မဖြစ်မနေ ဖြည့်စွက်ရမည်ဖြစ်ပြီး ကြယ်ပွင့်မပါသော နေရာများကို ကျော်သွားနိုင်ပါသည်)


၁။ Name တွင် မိမိ၏ အမည်ရင်းကို ဖြည့်စွက်ပါ။ (အင်္ဂလိပ်လိုဖြစ်စေ မြန်မာလိုဖြစ်စေ)
၂။ Phone No. ဖြင့် ပြန်လည်ဆက်သွယ်မှာ ဖြစ်လို့ မိမိ၏ ဖုန်းနံပါတ်အတိအကျ ဖြည့်စွက်ပေးရန်လိုအပ်သည်။
၃။ Email လိပ်စာရှိပါက ဖြည့်စွက်ပါ (မရှိပါက NIL ဟု ဖြည့်စွက်ပါ)
၎။ Address နေရပ်လိပ်စာ ဖြည့်စွက်ပါ။
၅။ Facebook Account တွက် လက်ရှိသုံးနေသော အကောင့်အမည်ဖြည့်စွက်ပါ။
၆။ YouTube Channel ဖွင့်ထားပါက ဖြည့်စွက်ပါ။ (မရှိပါက NIL ဟုဖြည့်ပါ)


၇။Video Link Drop Here တွင် မိမိသီဆိုထားပြီး အွန်လိုင်းပေါ်တွင် တင်ထားသော သီချင်းဗီဒီယို လင့်ခ်ကို မဖြစ်မနေ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ထည့်သွင်းခြင်းမရှိပါက ဖောင်တင်ရန် Submit ကို နှိပ်လို့ရမည် မဟုတ်ပါ။
(ဤနေရာတွင် The Voice Myanmar ၏ ကြေညာချက်အရ ဗီဒီယိုလင့်ခ် တင်ထားသူများကိုသာ ကြည့်ရှုအကဲဖြတ်ပြီး ရွေးချယ်ရန် သင့်/မသင့် စဉ်းစားမှာဖြစ်ပါတယ်)



၈။ ထို့နောက် “Submit” ကို နှိပ်ပါက လျှောက်လွှာတင်ပြီးကြောင်း အောက်ပါအတိုင်း ပေါ်လာပါက အောင်မြင်ပါသည်။
 


08 Oct 2017     1,651 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment