BEC-TERO TV

အိန္ဒိယနိုင်ငံထဲမှ အကြီးဆုံး ကားထုတ်လုပ်ရေး စက်ရုံကြီးထဲတွင် ၃၆ နာရီကြာ လှည့်လည်သွားလာနေသည့် ကျားသစ်အား ဖမ်းမိ(ရုပ်သံ)

09 Oct 2017     1,334 Views


အိန္ဒိယနိုင်ငံထဲမှ အကြီးဆုံး ကားထုတ်လုပ်ရေး စက်ရုံကြီးထဲတွင် လျှောက်သွားနေသည့် ကျားသစ်တစ်ကောင်ကို အောက်တိုဘာ ၆ ရက်က ဖမ်းဆီးပြီး မေ့ဆေးပေးလိုက်နိုင်ပြီဟု သိရသည်။ ထိုကျားသစ်ကို ဖမ်းနိုင်ရန် ရဲနှင့်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိ ၂၀၀ ခန့်က ၃၆ နာရီကြာ ရှာဖွေခဲ့ကြရသည်။ ယင်းကျားသစ်ကို အောက်တိုဘာ ၅ ရက်က Maruti Suzuki ကားထုတ်လုပ်ရေး စက်ရုံထဲတွင် အစောင့်များက စောင့်ကြည့်ရေး ကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်လျှင် ကားစီးရေတစ်သန်းနီးပါး ထုတ်လုပ်နိုင်သည့် ထိုစက်ရုံသည် မြို့တော် နယူးဒေလီနှင့် ၂၄ မိုင်အကွာရှိ မန်နီဆာမြို့ထဲတွင် တည်ရှိသည်။ စက်ရုံထဲမှ အလုပ်သမားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ရဲများသည် ကျားသစ်ကို ဖမ်းဆီးနိုင်ရန် စတင်ကြိုးပမ်းခဲ့ကြသည်။

ဆိတ်အရှင်များ၊ အသားစိမ်းများ အသုံးပြု၍ပင် အမျိုးမျိုး ဆွဲဆောင်ခဲ့သော်လည်း ကျားသစ်မှာ ပြန်ပေါ်မလာခဲ့ဘဲ နောက်ဆုံးမှသာ ပထမဆုံး တွေ့ခဲ့သည့် နေရာသို့ ကျားသစ်က ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီ ကျားသစ်ကို ဆေးစစ်ပြီးရင် တောထဲကို ပြန်လွှတ်ပေးမှာပါ” ဟု မန်နီဆာမှ ရဲချုပ် အရှော့ဘက်ရှီက ဆိုခဲ့ပြီး မည်သူမျှ ဒဏ်ရာမရခဲ့ကြောင်း ပြောကြားခဲ့သည်။

သစ်တော ဧရိယာ ကျဉ်းမြောင်းလာခြင်း၊ မြို့ပြနေရာများ တိုးချဲ့ခြင်းကြောင့် လူနှင့် တောရိုင်းတိရစ္ဆာန်များကြား၌ အသက်ဆုံးရှုံးမှုများ ရှိခဲ့ကြသည့် ထိပ်တိုက်တွေ့မှုများသည် ပြီးခဲ့သည့် နှစ်များအတွင်းက ပိုမို များပြားလာခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီမှ ၂၀၁၇ မေလအတွင်း တောရိုင်းတိရစ္ဆာန်တို့ကြောင့် သေဆုံးရသည့် လူ ၁၁၄၄ ဦးရှိပြီဟု အစိုးရ၏ စာရင်းအင်းများအရ သိရသည်။

Credit  … ‘news-eleven’


09 Oct 2017     1,334 Views




RELATED

Most Popular of International News

Most Popular of NEWS