BEC-TERO TV

ဒီပါဝလီပွဲတော်ကာလတွင် မီးရှူးမီးပန်းပစ်ဖောက်ခြင်း အိန္ဒိယတရားရုံးချုပ်ပိတ်ပင်

11 Oct 2017     1,229 Views


အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ဒီပါဝလီပွဲတော်ကာလအတွင်း မီးရှူးမီးပန်းပစ်ဖောက်တာတွေကို အိန်္ဒိယတရားရုံးချုပ်ကပိတ်ပင်ခဲ့ပြီး ဒေလီလေထုညစ်ညမ်းမှုကိုလျော့ချလိုတဲ့အတွက် ပိတ်ပင်ရတာ ဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဒီပါဝလီပွဲတော်အတွက် အိန်္ဒိယနိုင်ငံတစ်ဝှမ်းမှာ ပြင်ဆင်နေကြချိန်မှာပဲ အိန္ဒိယတရားရုံးချုပ်ဟာ မြို့တော်ဒေလီမှာ မီရှူးမီးပန်းပစ်ဖောက်ခွင့် ပိတ်ပင်လိုက် ပါတယ်။ဒေလီမြို့ရဲ့လေထုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အညစ်ညမ်းဆုံးဖြစ်နေတဲ့အတွက် မီးရှူးမီးပန်း ဖောက်ခွင့်ပိတ်လိုက်ရင် လေထုညစ်ညမ်းမှုလျော့ကျခြင်းရှိ၊မရှိသိလိုတဲ့အတွက် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ အိန္ဒိယတရားရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။ဒီပါဝလီပွဲတော်ဟာ ယခုလ(၁၈)ရက်မှာ ကျရောက်မှာဖြစ်ပြီး ဗျောက်အိုးတွေနဲ့မီးရှူးမီးပန်းတွေရောင်းချတာနဲ့ဖြန့်ချိတာကို နိုဝင်ဘာလ(၁)ရက်အထိ ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မီးရှူးမီးပန်းဖောက်တာကို ပိတ်ပင်ထားတာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ကတည်းက ဖြစ်ပါတယ်။ဒါပေမဲ့ ယခုနှစ်စက်တင်ဘာလမှာ အိန်္ဒိယအစိုးရက မီးရှူးမီးပန်းဖောက်ခွင့် ပြန်ပေးခဲ့တာကြောင့် ပြန်ပိတ်ဖို့တောင်းဆိုတာတွေရှိနေလို့ တရားရုံးချုပ်က ပြန်လည်ပိတ်ပင်လိုက်တာပါ။ ရောင်းချပြီးသား မီးရှူးမီးပန်းတွေကိုတော့ အသုံးပြုခွင့်ပေးသွားမှာဖြစ်တယ်လို့ အိန္ဒိယအစိုးရဘက်က ပြောပါတယ်။ပြီးခဲ့တဲ့နှစ်က မီးရှူးမီးပန်းဖောက်တာတွေကို ပိတ်ပင်ခဲ့တာက ဒီပါဝလီပွဲတော် နောက်ပိုင်း ကာလမှာစတင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဒီပါဝလီပွဲတော်ကာလအတွင်း မီးရှူးမီးပန်းဖောက်ခဲ့တာ တွေကြောင့် ဒေလီလေထုဟာ အန္တရာယ်ရှိတဲ့အခြေအနေအထိဆိုးရွားခဲ့တဲ့အတွက် ဒေလီမှာရှိတဲ့ စာသင်ကျောင်းတွေကို (၃)ရက်ကြာ ပိတ်ထားခဲ့ရပါတယ်။

 


11 Oct 2017     1,229 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS