BEC-TERO TV

သားအမိနှစ်ဦးအား ဝင်တိုက်ပြီး ထွက်ပြေးသွားတဲ့ တိုးရစ်

11 Oct 2017     1,264 Views


ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ မြို့လည်လမ်းမပေါ်မှာ မော်တော်ယာဉ်အား စစ်ဆေးနေသာ ယာဉ်မှုစစ်ကို မချေမငံပြောဆိုကာ ကားနဲ့တိုက်ထွက်ပြေးသွားခဲ့သော ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သည်။


ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က အရှိန်တင်မောင်းလာသော ကားကို ယာဉ်မှုစစ်က ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှ ကားတံခါးဖွင့်ကာ မချေမငံပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ယာဉ်မှုစစ်က ပလက်ဖောင်းပေါ် မတ်တပ်ရပ်နေစဉ် ကားကို အရှိန်နဲ့ နောက်ပြန်ဆုတ်ခဲ့သဖြင့် ဖွင့်ထားသော တံခါးနဲ့ ယာဉ်မှုစစ် ချိပ်ပြီး ပါသွားခဲ့သည်။ အဲ့ဒီနောက် ရှေ့သို့ အတင်းမောင်းပြေးရာ မျက်နှာချင်းဆိုင်မှ လာသော ဆိုင်ကယ်စီးလာသည့် သားအမိနှစ်ဦးကို တိုက်ပြီး ဆိုင်ကယ်မှာ တိမ်းမှောက်သွားခဲ့သည်ကို ဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်။

 


အဆိုပါကားအား စစ်ဆေး၍ ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းသူမှာ ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သော တရုပ်အမျိုးသမီး ဖြစ်နေသည်။ ယာဉ်မောင်း အမျိုးသမီးကို ထိန်းသိမ်းထားပြီး ကားတိုက်ခံရသော ဆိုင်ကယ်ပေါ်မှ သမီးဖြစ်သူမှာ နံရိုးကျိုးခဲ့သည့်အတွက် ပတ္တရားဆေးရုံပေါ်တွင် ကုသမှုခံနေရကြောင်း သိရှိရသည်။


ဒဏ်ရာရအမျိုးသမီး၏ ဆေးကုသမှုစရိတ်အားလုံးကို ကားအာမခံကုမ္ပဏီမှ ကျခံရမည်ဖြစ်ပြီး ယာဉ်မောင်းအမျိုးသမီးမှာ မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်မှုစစ်အား ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ယာဉ်တိုက်မှုတို့ဖြင့် အမှုဖွင့် အရေးယူခံသွားရမည်ဖြစ်သည်။

 


11 Oct 2017     1,264 Views




RELATED

Most Popular of International News

Most Popular of NEWS