BEC-TERO TV

ရဲအရာရှိတဦးက သူ့ ကိုဟော်တည်ခေါ်သွားပြီး အတူအိပ်ဖို့  ဘတ်ငွေ (၉၀) မြန်မာငွေ ကျပ်၃၀၀၀ကျော် နဲ့  တန်ဘိုးဖြတ်ခဲ့လို့  အတင်းရုန်းကန်ထွက်ပြေးခဲ့ရသူ

11 Oct 2017     1,363 Views


အသက် (၅၂)နှစ် ရှိ ရဲအရာရှိတဦးက သူ့ ကိုဟော်တည်ခေါ်သွားပြီး အတူအိပ်ဖို့  ဘတ်ငွေ (၉၀) မြန်မာငွေ ကျပ်၃၀၀၀ကျော် နဲ့  တန်ဘိုးဖြတ်ခဲ့လို့  အတင်းရုန်းကန်ထွက်ပြေးခဲ့ရသူ Mickey Rachaya မိုက်ကီးရချရာ ရဲ့ သတင်းတွေဟာ ထိုင်းနိုင်ငံ သတင်းတွေမှာ နံမည်ကြီးနေပါတယ်။ အဆိုပါရဲအရာရှိဟာ ဘန်ကောက်မြို့  က ရဘူရန ခရိုင်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မရှိတဲ့ဈေးနဲ့ အတူအိပ်ခအဖြစ် ကွေ့တယိုနှစ်ပွဲစာ သာပေးပြီး တန်ဘိုးဖြတ်ခံရတဲ့အတွက် သူက ရဲစခန်းမှာ အတင်းအကြပ် ကာမဆက်ဆံရန် ကြိုးစားမှုနဲ့  အမှုဖွင့်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ နိုက်ကလပ်က အမျိုးသမီးတဦးကို နှစ်ဦးသဘောတူ အိပ်ဘို့ အပြင်ကိုခေါ်သွားမယ်ဆိုရင် ထိုင်းဘတ်ငွေ ၁၀၀၀ ကနေ ၁၅၀၀ အထိပေးရပါတယ်။

မိန်းမလျာတဦးဖြစ်လို့  ခုလို ဈေးနိမ်ပြီး ဘတ် (၉၀)သာပေးခဲ့တဲ့ ရဲအရာရှိဟာ ချောမောတဲ့ မိန်းမလျာတွေရဲ့  အပြင်ဈေးက ဘယ်ဈေးပေါက်တယ်ဆိုတာသူအနေ့ နဲ့  မသိတာလား၊ (အမျိုးသမီးများပေါက်ဈေးအတိုင်းတန်းတူညီတူပေးရသည်) မိန်းခလေးထင်ပြီး ခေါ်သွားခဲ့ပြီးကာမှ အခြောက်ဖြစ်နေလို့  ခုလို့  မထူးဇတ်ခင်းပြီး ဘတ်ငွေကိုးဆယ်နဲ့ လိင်ဆက်ဆံဘို့ ကြိုးစားရင်းက စကားများ ရန်ဖြစ်ခဲ့ တာလား ဆိုတာတော့ အခန်းတွင်း ဇတ်လမ်းကို ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။

ခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာဗျ ..နှစ်ဦး စကားများရန်ဖြစ်ရင်းနဲ ထိုးကြိတ်နှဘန်းလုံးကြတဲ့ အထိ ဖြစ်ခဲ့လို့  ဟော်တယ်ဝန်ထမ်းတွေက ၀င်ဆွဲဟန့် တား ခဲ့ရကြောင်း အဆိုပါ ဟော်တယ်ရဲ့ အစောင့် ၀န်ထမ်းက ပြောပါတယ်။

Credit ... thithtoolwin


11 Oct 2017     1,363 Views




RELATED

Most Popular of Special or Others

Most Popular of NEWS