BEC-TERO TV

ဇွတ်ကျား ထဲကသူငယ်လေးက ရှာရှာမောင်အရင်းပါ ဆိုတဲ့ ပက်ထရစ်ရှာ

11 Oct 2017     1,287 Views


လက်တလော ရုံတင်ပြသနေတဲ့ ဟာသဇာတ်ကားဖြစ်တဲ့  ဇွတ်ကျား ဟာ ပရိတ်သတ်အားပေးမှု ရနေတဲ့ ရုံတင်ကားတစ်ကားလဲ ဖြစ်ပါတယ်  ။ 'ဇွတ်ကျား'ရဲ့ဇာတ်သိမ်းခန်းမှာပါတဲ့ သူငယ်လေးက လဲ မော်ဒယ် သရုပ်ဆောင် ပက်ထရစ်ရှာရဲ့ မောင်အရင်း ဖြစ်တယ်လို့လဲသိရပါတယ် ။

 သူမမောင်လေးအကြောင်းကိုလည်း ရှာရှာက “ ဇွတ်ကျား'ရဲ့ဇာတ်သိမ်းခန်းမှာပါတဲ့ သူငယ်လေးက ရှာရှာ့ရဲ့မောင်လေးအရင်းခေါက်ခေါက်ပါ။ ဒါရိုက်တာဦးဇော်ရဲ့ချစ်ဇနီးအန်တီသီတာက ၁ cut တည်းပါ ခဏလေးပဲရိုက်ပေးပါနော်ဆိုပြီးအကူအညီတောင်းလို့ဝါသနာလုံးဝမပါတဲ့ကလေးလေးခမျာ မျက်နှာလေးရှုံမဲ့ပြီးသွားရိုက်ပေးရှာပါတယ် ရိုက်ကွင်းပေါ်သွားခါနီးကိုယ့်ကိုပြောသွားသေးတယ် "မမရေ သားမရိုက်ချင်ပါဘူးဆိုနေ သားဝါသနာမပါဘူး" တဲ့။သူဝါသနာမပါတာလေးကိုပဲကျေးဇူးတင်ရမယ်။ကိုယ်ကလည်း ကိုယ့်မောင်လေးကိုအနုပညာအလုပ်လုံးဝမလုပ်စေချင်ပါဘူး။မောင်ကြီးကျယ်လေး account ကို mention မလုပ်ထားဘူး။သူ့ဆီကို Friend request တွေဝင်လာလို့သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတယ်" ဆိုပြီး ပြောထားပါတယ် ။ မောင်နှမ နှစ်ယောက်လုံး အလန်းတွေ ကြီးပဲနော် ။

Credit: Sunday journal

 


11 Oct 2017     1,287 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment