BEC-TERO TV

ပြည်ပသွင်းကုန် သတင်းစာစက္ကူအခွန်နှုန်းထားများတိုးမြှင့်လိုက်သောကြောင့် ပုဂ္ဂလိသတင်းစာနှင့် ဂျာနယ်များအတွက် အခက်ကြုံ

12 Oct 2017     1,274 Views


ပြည်ပကတင်သွင်းဝယ်ယူရသော သတင်းစာစက္ကူအခွန်နှုန်းထားများတိုးမြှင့်လိုက်သောကြောင့် ပုဂ္ဂလိကသတင်းစာများနှင့် ဂျာနယ်များရှင်သန်ရပ်တည်ရန် အခက်ကြုံနေပြီး ပုဂ္ဂလိသတင်းစာများနှင့် ဂျာနယ်များအသုံးပြုနိုင်သည်အထိ ပြည်တွင်းသတင်းစာစက္ကူများကို နိုင်ငံတော်မှ တိုးမြှင့်ထုတ်လုပ်ပေးစေလိုကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(MJA)မှသိရပါတယ်။

လက်ရှိအချိန်တွင် ပြည်တွင်းထုတ်ကုန်သတင်းစာစက္ကူများသည် နိုင်ငံပိုင်သတင်းစာများထုတ်လုပ်ရန်အတွက်ပင် လုံလောက်စွာ အသုံးပြုနိုင်သည့် အနေထားမရှိသေးဟုပြောဆိုပါတယ်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးဌာန၏ထုတ်ပြန်ချက်အရအသိရပြီး ၂၀၁၃ ခုနှစ်မှစပြီး ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးခဲ့ရာ အရှုံးပေါ်ပြီးနားခဲ့ရသည့်သတင်းစာများ အများပြားရှိခဲ့ပါတယ်။လက်ရှိအချိန်တွင် ပုဂ္ဂလိကသတင်းစာခြောက်စောင်သာကျန်တော့ကြောင်းသိရပါတယ်။

Soure : Democracy


12 Oct 2017     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS