BEC-TERO TV

အချစ်ရေးကတော့ သုံးနှစ်ကျော်နေပေမယ့် ချစ်ချိန်တောင် မရှိဘူးဆိုတဲ့ ထက်ထက်ထွန်း

12 Oct 2017     1,316 Views


မော်ဒယ်တစ်ယောက်အပြင် အလှမယ်တစ်ယောက် ဖြစ်တဲ့ ထက်ထက်ထွန်းဟာ သရုပ်ဆောင်ပိုင်းမှာပဲ ဇာတ်လမ်းတွဲ ဗီဒီယိုကားတွေမှာ ပါဝင်သရုပ်ဆောင်လာပြီလဲ ဖြစ်ပါတယ် ။ အချစ်ရေးကို လည်း အများ စိတ်ဝင်စားနေကြပြီး အချစ်ရေးကတော့ ချစ်သူသက်တမ်း သုံးနှစ်ကျော် ရှိနေပြီလို့ ပြောထားပါတယ် ။

“ထက်အချစ်ရေးကတော့ ပုံမှန်ပါပဲ ။ သူလည်း အလုပ်ကြိုးစားနေတယ် ။ ကိုယ်လည်း အလုပ်ကြိုးစားနေတယ် ။ ချစ်သူမို့လို့သာ အချစ်ရေးကို ပြောရတာ ချစ်ချိန်တောင်မရှိတဲ့ အချစ်ရေးပါ ။ထက်တို့ အနုပညာအလုပ်လုပ်ရင်းတွေ့ခဲ့ကြတာ ဖြစ်တဲ့ အတွက်သူလည်း ထက်ရဲ့ အနုပညာအလုပ်ကို နားလည်ပေးတယ် ။ သူက အခု အလုပ်လုပ်နေတယ် ။ သူ့ဘ၀ အတွက် အလုပ်က နံပါတ်တစ်ဖြစ်နေတယ် ။ အလုပ်များတဲ့ အခါကျရင် ထက်တို့ အတွေ့ဖြစ်ဘူး ။ စကားမပြောဖြစ်ဘူး ။ ဂရူမစိုက်ဖြစ်ဘူးပေါ့နော် ။ ဒီအလုပ်လုပ်နေတဲ့ အပိုင်းကို လည်း ထက်က မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လို နားလည်ပေးလဲ ဆိုရင် သူအလုပ်လုပ်နေတာ ကြိုးစားနေတာ ထက် အတွက် ထက်ရဲ့ ဘ၀သာသာ ယာယာ ဖြစ်ဖို့ မျက်နှာ မငယ်ရဖို့ ကြိုးစားနေတာ ဖြစ်တဲ့ အတွက် သံယောဇဉ်နဲ့ ဘ၀ တစ်လု ထူထောင်ဖို့ ကြိုးစားနေကြတာပါ”

“ ထက်တို့ ချစ်သူနှစ်ဦးနေထိုင်မှုပုံစံက နည်းနည်း လူကြီးဆန်တယ် ။ ကလေးလိုမျိုး အနုပညာရှင် ပီပီ နုနုရွရွ ချစ်ကြတာလည်း မဟုတ်ဘူး ။ ထက်တို့ တစ်ခါတလေ အလုပ်ကိစ္စအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်တယ် ။ မိသားစုလိုမျိုး အားပေးဖော် အားပေးဖက်လည်း ဖြစ်တယ် ။ မောင်နှမတွေလို ကူညီဖော် ကူညီဖက်လည်း ဖြစ်တယ် ။ စိတ်ဓာတ်ချင်းတူ ၊ ရည်ရွယ်ချက်တူပြီး ရှေ့ဆက်နေကြတာပါ ။ဖက်တို့ နှစ်ယောက်ရဲ့ တူညီတဲ့ Life Style နှစ်ခုကတော့ ဘယ်မိဘ အသိုင်းအ၀ိုင်းကမှ ကူညီထောက်ပံ့မှုမှ မယူပဲ ကိုယ့်အားကို ကိုးပြီး ကြိုးစားကြတာ တူတယ် ။ ကိုယ့်လက် ကိုယ့်ခြေနဲ့ လုပ်ပြီး အောင်မြင်မှုရဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ် ။ လက်ထပ်ဖို့တော့ အများကြီးလိုပါသေးတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ် ။ 

credit:popular 


12 Oct 2017     1,316 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment