BEC-TERO TV

အလုပ်အကိုင်အခွင့်အလမ်း

13 Oct 2017     1,261 Views


ဖျော်ဖြေရေးနှင့် သတင်းအကြောင်းအရာများကို ပိုပိုလေး အဖွဲ့သားများနဲ့အတူတစ်ကွ တင်ဆက်နိုင်ရန် အောက်ပါအလုပ်အကိုင်နေရာများအတွက် ဖိတ်ခေါ်ပါတယ်။

1. Content Writer

  • အနုပညာသတင်းများနှင့် အထွေထွေသတင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ဆက် ရေးသားနိုင်သူဖြစ်ရမည်။
  • မြန်မာစာအရေးအသားကျွမ်းကျင်ပြီး ကွန်ပျူတာ မြန်မာစာလက်ကွက် ကျွမ်းကျင်သူဖြစ်ရမည်။
  • ဘာသာပြန်ဆောင်ပါးများကို ရေးသားနိုင်သူဖြစ်ရမည်။
  • လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့အတူ အလုပ်လုပ်နိုင်သူဖြစ်ရမည်။


2. Video Reporter

  • DSLR Camera ဖြင့်အနုပညာသတင်းများ၊ ရိုက်ကွင်းများတွင်ကိုယ်တိုင်သွားရောက် အင်တာဗျူး သတင်းယူကာ ရိုက်ကူးထုတ်လုပ်နိုင်ရမည်။
  • စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ရှာဖွေမေးမြန်တင်ဆက်နိုင်ရမည်။
  • Adobe Premier Pro နှင့် တည်းဖြတ်မှုများ ပြုလုပ်နိုင်ရမည်။
  • လုပ်ငန်းသဘောအရ အချိန်နှင့် တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။
  • လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့အတူ အလုပ်လုပ်နိုင်သူဖြစ်ရမည်။


3. Video Editor

  • Adobe Premier Pro, Adobe After Effects, Adobe Photoshop နှင့် သက်ဆိုင်ရာ Editing Software များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ရမည်။
  • DSLR Camera နှင့် အခြားရိုက်ကူးရေးပစ္စည်းများကို အခြေခံကိုင်တွယ် အသုံးပြုရိုက်ကူး ထုတ်လုပ်နိုင်သူဖြစ်ရမည်။
  • လိုအပ်ပါက ကိုယ်တိုင်ရိုက်ကူးခြင်း၊ အနုပညာရှင်များအား ကိုယ်တိုင်အင်တာဗျူးခြင်းတို့ကိုပါ လုပ်နိုင်သူဖြစ်ရမည်။
  • အလုပ်ကို အချိန်နဲ့တစ်ပြေးညီ ပြီးစီးအောင် လုပ်ဆောင်နိုင်သူဖြစ်ရမည်။
  • အလုပ်၏ လိုအပ်ချက်အရ ခရီးသွားနိုင်သူ ဖြစ်ရမည်။
  • လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့အတူ အလုပ်လုပ်နိုင်သူဖြစ်ရမည်။



ရုံးခန်းနေရာ - ဗဟန်းမြို့နယ် Myanmar Plaza အနီး

ဖော်ပြပါအလုပ်နေရာများအတွက် Journalism ၊ Media ၊ Computer Arts စသည်တို့နှင့် ဆက်နွယ်သော Certificate, Diploma ရရှိထားပြီးသူများ ဦးစားပေးမည်။


လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်လက် CV Form ၊ ပညာအရည်ချင်းလက်မှတ် (Certificate, Diploma, Degree) ၊ မိမိကိုယ်တိုင် ဖန်တီးထားဖူးသော နမူနာ အကြောင်းအရာ အစရှိသည်တို့နှင့်အတူ မျှော်မှန်းလစာတို့ကို ပြည့်စုံစွာဖော်ပြပြီး [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

ပိုပိုလေးအဖွဲ့သားများက သင့်ကို ကြိုဆိုလျှက်ပါ။

Bec-Tero Myanmar Co.,Ltd.
 


13 Oct 2017     1,261 Views




RELATED

Most Popular of Special or Others

Most Popular of JOB