BEC-TERO TV

အွန်လိုင်းမှ အစားသောက်မှာခဲ့ရာ ပို့ချိန်နောက်ကျသည့်အပြင် ရိုက်နှက်ခံရ

13 Oct 2017     1,230 Views


အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းမှ တစ်ဆင့် အစားအသောက်မှာယူခဲ့ပြီးနောက် ရောက်ရမည့်အချိန်ထက် နှစ်နာရီကျော်ကြာ နောက်ကျခဲ့ရုံမျှမကပဲ အစားအသောက် လိုက်ပို့သူရဲ့ ရိုက်နှက်မှုကိုပါ ခံခဲ့ရပြီး ဆေးရုံရောက်ခဲ့ရပါတယ်။

တရုပ်နိုင်ငံ ဟန်နန်မြို့က ကျိုးဟီ ဆိုတဲ့ ဘွဲ့ရပြီးကာစ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းမှ တစ်ဆင့် အစားအသောက် မှာကြားတဲ့ Ele.me ဆိုတဲ့ အပလီကေးရှင်းနဲ့ သူမအတွက် ညစာကို ပြီးခဲ့တဲ့ စနေနေ့ ညနေ ၆ နာရီ ၅ မိနစ်မှာ မှာကြားခဲ့ပါတယ်။

တစ်ကယ်တော့ သူမ မှာကြားလိုက်တဲ့ စားသောက်ဆိုင်ဟာ သူမနေထိုင်တဲ့ တိုက်ခန်းနဲ့ ၁၀ မိနစ်စာ အကွာအဝေးပဲရှိလို့ အစားအသောက်တွေ မကြာခင်ရောက်လာတော့မှာပဲဆိုပဲ စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်နာရီကျော်ကြာတဲ့ထိ ရောက်မလာတဲ့အခါ သူမက ဆိုင်ကို ဖုန်းတွေဆက်ပြီး မေးပါတယ်။ သူမ ဖုန်းဆက်တိုင်း အစားအသောက်လိုက်ပို့ပေးတဲ့ ဝန်ထမ်းက မချေမငံပြန်ပြောပြီး ဖုန်းချသွားပါတယ်။

ဒါကြောင့်မို့ နောက်ဆုံး ၈ နာရီ မိနစ် ၂၀ အချိန်မှာတော့ မစာင့်နိုင်တော့ပဲ ဆိုင်ကို ကိုယ်တိုင်လာယူမယ်လို့ ဖုန်းဆက်တဲ့အခါ အစားသောက်ပို့တဲ့ ဝန်ထမ်းက ဆိုင်အပြင်မှာပဲ စောင့်နေပါ လာပေးမယ်လို့ ဆိုပါတယ်။ ဆိုင်ကို ရောက်တဲ့အခါမှာ သူမက ထိုဝန်ထမ်းရဲ့ နာမည်ကို မေးတဲ့အခါမှာတော့ ဝန်ထမ်းက အရမ်းစိတ်ဆိုးသွားပါတယ်။

သူ့စိတ်ထဲမှာ အမျိုးသမီးက သူ့အကြောင်းတွေကို အွန်လိုင်းမှာ မကောင်းရေးတော့မှာပဲဟု ယူဆသွားပြီး အစားအသောက်လိုက်ပို့တဲ့နေရာမှာသုံးတဲ့ စက်ဘီးက သော့ကိုယူကာ အမျိုးသမီးရဲ့ ခေါင်းကို ရိုက်ပါတော့တယ်။ ဆိုင်ရှင်က အမြန်ရောက်လာပြီး ဝင်ဆွဲမှ ရိုက်တာရပ်သွားခဲ့ပါတယ်။ သွေးသံရဲရဲနဲ့ အမျိုးသမီးကိုလည်း သူမရဲ့ သူငယ်ချင်းတွေရောက်လာပြီး ဆေးရုံပို့ပေးခဲ့ရပါတယ်။

သူမဟာ စနေနေ့ညနေမှာ ညစာကို အေးအေးဆေးဆေး စားရမယ့်အစား ဒဏ်ရာရဆေးရုံတက်ခဲ့ရပြီး ကုသစရိတ် တရုပ်ယွမ် ၂၀၀၀ လောက် ကုန်သွားခဲ့ပါတယ်။
ပြသနာဖြစ်ပြီးပြီးချင်းမှာ ဆိုင်ရှင်က အလုပ်ထုတ်လိုက်တာမို့ ရဲတွေကအဆိုပါ ဝန်ထမ်းကို လိုက်လံရှာဖွေလျှက်ရှိပါတယ်။ များသောအားဖြင့် လိုက်လံပို့ဆောင်တဲ့ အလုပ်သမားတွေဟာ အချိန်ပိုင်းတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။


13 Oct 2017     1,230 Views




RELATED

Most Popular of Special or Others

Most Popular of NEWS