BEC-TERO TV

မာလကာရွက်ကို မလွှင့်ပစ်သင့်တဲ့ အချက် (၅) ချက်

15 Oct 2017     1,623 Views


အသားအရေနဲ့ ဆံပင်တွေအတွက် မာလကာရွက်ကနေ အကျိုးကျေးဇူးအများကြီး ရရှိနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒါပေမယ့် လူတော်တော်များများက အသီးကိုဘဲ စားပြီး အရွက်ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ မာလကာရွက်က  သင့်အသားအရေကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို လေ့လာကြည့်ကြပါစို့။

၁. ဝက်ခြံနဲ့ အမဲစက်တွေကို ကုသနိုင်ခြင်း။
 
ဝက်ခြံနဲ့ အမဲစက်တွေဟာ သင့်အသားအရေကို ဘေးဥပဒ်ဖြစ်စေရုံသာမက တော်တော်ကိုလည်း စိတ်ဒုက္ခရောက်စေပါတယ်။ ဒါပေမယ့် မာလကာရွက်ကတော့ ဝက်ခြံနဲ့ အမဲစက်တွေကို ထိထိရောက်ရောက် သက်သာစေပါတယ်။ မာလကာရွက်မှာ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှာပေးနိုင်တဲ့ ပိုးသတ်ဆေးဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် မာလကာရွက်ကို နှပ်ပြီးရလာတဲ့အရည်ကို ဝက်ခြံနဲ့ အမဲစက်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ ခဏလောက်ထားပြီး ရေသန့်သန့်နဲ့ ဆေးချလိုက်ပါ။

၂. ဆားဝက်ခြံကို ဖယ်ရှားပေးနိုင်ခြင်း

 
ဆားဝက်ခြံအတွက်ကတော့ မာလကာရွက်ကို ရေနည်းနည်းနဲ့ ရောကြိတ်ပေးပါ။ ပြီးရင်တော့ နှာခေါင်းပေါ်မှာ scrub အနေနဲ့ ပွတ်တိုက်ပေးပါ။
 
၃. အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း
 
မာလကာရွက်မှာ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ antioxidant ဓာတ်တွေ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့အတွက် မာလကာရွက်ရင့်ရင့်ကို ပြုတ်ပြီး ရလာတဲ့အရည်ကို သုတ်လိမ်းပေးနိုင်ပါတယ်။
 
၄. ယားယံမှုကို သက်သာစေခြင်း
 
အရေပြားယားယံခြင်းကလည်း ချက်ချင်းမကုသဘူးဆိုရင် ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ မာလကာရွက်မှာ ယားယံမှုကို သက်သာစေတဲ့ဓာတ်ပေါင်းတွေ ပါဝင်ပါတဲ့အတွက်ကြောင့် ယားယံမှုတွေကို သက်သာစေဖို့အတွက် အရေးပေါ်ကုသနိုင်ပါတယ်။

 

၅. ဆံပင်ကျွတ်ခြင်းကို သဘာဝအတိုင်း ကုသပေးနိုင်ခြင်း
 
ဆံပင်ကျွတ်တာကို သက်သာစေဖို့အတွက် မာလကာရွက် လက်တစ်ဆုပ်စာကို ရေတစ်လီတာ (ရေသန့်ဘူးကြီးတစ်ဘူးစာ) လောက်ထည့်ပြီး မိနစ် ၂၀ လောက် ပြုတ်ပေးပါ။ ပြီးရင် အအေးခံပြီးတော့ ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။

15 Oct 2017     1,623 Views




RELATED

Most Popular of Health Fix

Most Popular of Life Style