BEC-TERO TV

မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ လက်နက်၊ မူးယစ်ဆေးဝါးများနဲ့အတူ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိ

16 Oct 2017     1,300 Views


အောက်တိုဘာလ ၁၅ ရက်ညနေပိုင်းတွင် နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းတွင် စီးနင်းလိုက်ပါမည့် ခရီးသည် ခရီးသည် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါတို့ထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ စစ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


ဦးဖြိုးကိုကိုတင့်ဆန်း သည် မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ်၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်ပြီး မကြာသေးမီကမှ ဖျက်သိမ်းခဲ့သော နေပြည်တော်ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ရန်ကုန်မှနေပြည်တော်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း UB-142/ATR-72/XYAJZ ဖြင့် လိုက်ပါရန် ရောက်ရှိလာစဉ် သယ်ဆောင်လာသော ခရီးဆောင် အိတ်များကို X-ray ဖြတ်ရာ သေနတ် ၂ လက်၊ ကျည်ဆံများ ပါရှိကြောင်း တွေ့ရှိခဲ့သည်။ လေဆိပ်တွင် ဖမ်းဆီးခံရချိန်၌ ဦးဖြိုကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများမှာ သောက်စားထားကြောင်းလည်း သိရသည်။

ထိုနောက် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင် ACE Hotel အား ဆက်လက်ရှာဖွေခဲ့ရာ သေနတ် ၅ လက်ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဦးဖြိုးကိုကိုတင့်ဆန်း နှင့် အပေါင်းပါနှစ်ဦး ဖြစ်ကြသည့် ဦးရဲမင်းဆွေ၊ ဦးဇော်ဝင်းထိုက်တို့ကို လက်နက်ဥပဒေဖြင့် အရေးယူထားကြောင်း သိရှိရသည်။

source: NewsWatch
 


16 Oct 2017     1,300 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS