BEC-TERO TV

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရခိုင်ပြည်နယ်ကူညီရေး ဝဘ်ဆိုက် စတင်လွှင့်တင်

16 Oct 2017     1,257 Views


မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တောင်ဝန်ယူဆောင်ရွက်မည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်ပံ့ပေးရေး၊ ပြန်လည်​နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတို့အတွက် ဝဘ်ဆိုက်စာမျက်နှာကို အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လွှင့်တင်ထားခဲ့သည်။

အဆိုပါဝဘ်ဆိုက် စာမျက်နှာတွင် တရားဝင်ထုတ်ပြန်ကြေညာသော နောက်ဆုံးသတင်းများအပြင် ရခိုင်အရေးနဲ့ပက်သက်ပြီး လှူဒါန်နိုင်သော ဘဏ်စာရင်း နှစ်ခုကို ဖော်ပြထားပါတယ်။
လှူဒါန်းလိုသူများအတွက် မြန်မာစီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲ၏ ငွေစာရင်းများကို ဖော်ပြထားပြီး အမေရိကန်ဒေါ်လာဖြင့် လှူဒါန်းလိုသူများအနေနဲ့ ငွေစာရင်းအမှတ် EDU 600002 ကို ပေးပို့လှူဒါန်းနိုင်ပြီး မြန်မာကျပ်ငွေနဲ့ လှူဒါန်းရန် ငွေစာရင်းအမှတ် CF-003434 ကို ပေးပို့လှုဒါန်းနိုင်ပါသည်။
 


ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်ပံ့ပေးရေး၊ ပြန်လည်​နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း စတဲ့ အဓိကလုပ်ငန်းစဉ် သုံးရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝဘ်ဆိုက်လိပ်စာမှာ http://rakhine.unionenterprise.org/ ဖြစ်ပါတယ်။
 


16 Oct 2017     1,257 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS