BEC-TERO TV

ဘာလီကျွန်းသို့ ပျံသန်းနေသည့် Air Asia လေထဲတွင် ပေနှစ်သောင်းကျော် ထိုးဆင်းခရီးသည်များ သွေးပျက်ခဲ့ရ (ရုပ်သံ)

16 Oct 2017     1,309 Views


အောက်တိုဘာလ ​၁၅ ရက်နေ့က သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ပျံသန်းခဲ့သည့် Air Asia လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေထဲမှ ပေနှစ်သောင်းကျော် စောက်ထိုးဆင်းခဲ့သည့် အတွက် အရေးပေါ်အခြေနေတစ်ရပ်ဖြစ်ပေါ်က ခရီးသည်များ ထိတ်လန့်သွေးပျက်ခဲ့ရသည်။

Air Asia လေယာဉ် QZ 535 သည် ခရီးသည် ၁၄၅ ဦးတင်ဆောင်လာပြီး ဘာလီသို့ ထွက်ခွာပြီး  ၂၅ မိနစ်အကြာ အမြင့်ပေ ၃၂,၀၀၀ မှ ပျံသန်းနေစဉ် အချက်ပေးခြင်းမရှိပဲ လေယာဉ်ခန်းအတွင်း ပရက်ရှာထိုးကျကာ ရုတ်တရက် ထိုးစိုက်သွားခဲ့ရာ မြေပြင်နဲ့ ပေတစ်သောင်းအကွာထိ ရောက်ရှိသွားခဲ့ပြီး ခရီးသည်ထိုင်ခုံများမှ အောက်စီဂျင် မျက်နှာဖုံးများ ကျလာပြီး ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သြစတြေးလျနံနက်ခင်း သတင်းတစ်ခုတွင် ဖော်ပြခဲ့သည်။


လေယာဉ်စက်ချို့ယွင်းမှုကြောင့် ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး လေယာဉ်ပေါ်ရှိ ခရီးသည်များမှာ လေယာဉ်ပျက်ကျပြီဟူသော အသိဖြင့် မိသားစုထံ နှုတ်ဆက်မက်ဆေ့များ ပေးပို့ခဲ့တဲ့အထိ ထိတ်လန့်ခဲ့ကြကြောင်း ပြောပြခဲ့ကြပါတယ်။

နောက်ဆုံးတွင် လေယာဉ်မှူးက လေယာဉ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပါ့သ်လေဆိပ်သို့  မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် ပြန်လည်ဆင်းသက်နိုင်ခဲ့သဖြင့် အားလုံးဘေးကင်းခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်နဲ့ပက်သက်၍ Air Asia က တောင်ပန်ကြောင်း ကြောညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 


16 Oct 2017     1,309 Views




RELATED

Most Popular of International News

Most Popular of NEWS