BEC-TERO TV

ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်တွေကိုဖော်မလင် ကင်းရှင်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုလိုင်စင်ရှိမှသာ ဈေးကွက်အတွင်းရောင်းဖို့

16 Oct 2017     1,560 Views


ရန်ကုန်မြို့အတွင်းမှာရောင်းချနေတဲ့ ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်တွေကိုဖော်မလင် ကင်းရှင်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုလိုင်စင်ရှိမှသာ ဈေးကွက်အတွင်းရောင်းဖို့နဲ့ ဖော်မလင်ပါရှိကြောင်း စစ်ဆေးတွေ့ရှိရင် တရားစွဲအရေးယူမယ်လို့ ရန်ကုန်တိုင်းစီမံကိန်းနဲ့ ဘဏ္ဍရးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ပဲသွေးလုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာခေါ်ယူတွေ့ဆုံသတိပေးပါတယ်။ ပဲသွေးလုပ်ငန်းရှင်အားလုံး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဖော်မလင်ကင်းရှင်းကြောင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်သော စားသောက်ကုန်လုပ်ငန်းတွေဖြစ်ကြောင်း စစ်ဆေးချက်နဲ့ ဈေးကွက်အတွင်းပြန်လည်ရောင်းချဖို့ ညွှန်ကြားထားပါတယ်။
 
ဈေးကွက်အတွင်းရောင်းချနေတဲ့ သည်ပစ္စည်းတွေကို အက်ဖ်ဒီအေက စစ်ဆေးပြီး ဖော်မလင်သုံးစွဲရင်တရားစွဲဆိုမှာဖြစ်ပါတယ်။စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စားသုံးသူတွေကိုအကာအကွယ်ပေးဖို့ စားသုံးသူကာကွယ်ရေးအသင်းမှာလဲစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်လို့ ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရှစ်မြို့နယ်မှာရှိတဲ့ဈေးကိုးဈေးမှာရောင်းချနေတဲ့ ပဲသွေးနမူနာတွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ အချို့မှာဖော်မလင်သုံးစွဲထားတာတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာပဲသွေးရောင်းချမှုတွေကို ယာယီတားမြစ်ထားပါတယ်။ သည်နေ့ ကျင်းပတဲ့လွှတ်တော်မှာ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကနေ့စဉ်စားသုံးနေတဲ့ စားသောက်ကုန်များမှာ ဓာတုဗေဒပစ္စည်းများပါဝင်ခြင်းကို ကြိုတင်တားဆီးနိုင်ရန်နဲ့စစ်ဆေးတွေ့ရှိပါက စားသောက်ကုန်၊ လူသုံးကုန်တွေကို ပြည်သူလူထုသုံးစွဲခြင်းမပြုနိုင်ရေး တားဆီးကာကွယ်ဖို့အစီအစဉ်ရှိမရှိမေးမြန်းပါတယ်။
လက်ရှိ ဈေးကွက်အတွင်းရောင်းချနေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို အက်ဖ်ဒီအေက ကွင်းဆင်းစစ်ဆေးနေတယ်လို့သိရပါတယ်။ မိုဘိုင်းကားတွေနဲ့ ဓာတ်ခွဲစစ်ဆေးပြီး တားမြစ်ထားတဲ့ဓာတုဆေးသုံးစွဲထားတဲ့ပစ္စည်းတွေကို ဈေးကွက်အတွင်းကပြန်လည်သိမ်းဆည်းသတိပေးအရေးယူနေပါတယ်။
Credit >>> kumudranews

16 Oct 2017     1,560 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS