BEC-TERO TV

၂၀၁၈ ခုနှစ်တွင် ပြည်သူများနောက်ထပ်ရုပ်သံလိုင်းသစ် (၅)လိုင်း ကြည့်ရှုရတော့မည်

19 Oct 2017     1,242 Views


ပြည်သူများလက်ရှိကြည့်ရှုနေရသော MRTV၊ MRTV-4၊ Channel 7၊ မြဝတီ၊ mntv တို့အပြင် နောက်ထပ် ရုပ်သံလိုင်းချန်နယ် အသစ်(၅)ခုကို ၂၀၁၈ ခုနှစ် လဆန်းပိုင်းတွင် စတင်ကြည့်ရှုရတော့မည်ဖြစ်သည်။

ပုဂ္ဂလိကရုပ်လိုင်းသစ်များထုတ်လုပ်ရန် လျှောက်ထားမှုများအနက်မှ ရုပ်သံလိုင်း (၅)လိုင်းနှင့် MRTV တို့ မကြာမီကာလအတွင်း သဘောတူစာချုပ်များ ချုပ်ဆိုတော့မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူချုပ် ဦးမြင့်ထွေး က ပြောကြားသည်။

အဆိုပါ စာချုပ်တွင် လုပ်ငန်းပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာများ ပါဝင်မည်ဖြစ်သည်။ ရုပ်သံလိုင်း (၅)ခုအတွက် ထုတ်လွှင့်မှုပိုင်းဆိုင်ရာ လိုအပ်သော စက်ပစ္စည်းများကို ဝယ်ယူတင်သွင်းရန် ပစ္စည်းတင်သွင်းသော ကုမ္ပဏီသုံးခုထဲမှ တစ်ခုကို တင်ဒါစနစ်နဲ့ အောက်တိုဘာ ၂၃ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးမြင့်ထွေးက ပြောကြားခဲ့သည်။

ရုပ်သံလိုင်းသစ် (၅)ခုအဖြစ်  DVB၊ မဇ္ဈိမ၊ Fortune၊ Young Investment နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီတို့မှ ရွေးချယ်ခံခဲ့ရပြီး DVB နှင့် မဇ္ဈိမတို့က ရုပ်သံမီဒီယာလုပ်ငန်း အတွေ့အကြုံရှိသူများဖြစ်ကြသည်။

ရုပ်သံလိုင်းသစ်များအတွက် အဓိကရင်ဆိုင်ရမည့် ပြဿနာမှာ ရေရှည်ရပ်တည်နိုင်ရေး ဖြစ်ကြောင်း DVB မှ မြန်မာပြည်ဗျူရိုတာဝန်ခံ ဦးတိုးဇော်လတ်က -
“မြန်မာနိုင်ငံရဲ့ မီဒီယာကြော်ငြာဈေးကွက်မှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်သာရှိပြီး ကြောငြာဈေးကွက်က သန်း ၁၄၀ ခန့်ရှိပါတယ်။ ကြေငြာဝေစုကို MRTV-4, MRTV နဲ့ မြဝတီတို့က ဈေးကွက်ဝေစုအများဆုံးရရှိနေပါတယ်။ လက်ရှိကြော်ငြာဈေးကွက် အနည်းစုကို ယှဉ်ပြိုင်တာထက် ဈေးကွက်ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်နိုင်မှသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ရွေးချယ်ခံရသည့် ရုပ်သံကုမ္ပဏီများအနေနဲ့ လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ပထမဦးဆုံး အစီအစဉ်ကို စတင်ထုတ်လွှင့်ရန် သဘောတူညီထားကြောင်း သိရှိရသည်။
 


19 Oct 2017     1,242 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS