BEC-TERO TV

အမုန်းမှသည် ဇာတ်လမ်းတွဲက သူတို့

19 Oct 2017     2,206 Views


Mrtv-4 ဇာတ်လမ်းတွဲ ဖြစ်တဲ့ အမူန်းမှသည် ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင် အသီးသီးဖြစ်ကြပါတယ်။ သူတို့တွေဟာ သူတို့ ရဲ့ ကိုယ်ပိုင်ဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားကြပုံများကို Mrtv 4 ကနေ ထုတ်လွှင့်ပြသတော့မှာလဲ ဖြစ်ပါတယ် ။ 

စိုင်းနေရောင် အဖြစ် ကျော်ထက်ဇော်  

┉┉┉┉┉┉┉┉┉┉┉┉┉┉
အမြဲတမ်းရုပ်တည်ကြီးဖြင့်နေတတ်သည်၊တော်ရုံတန်ရုံမပြုံးမရယ်တတ်။စကားကိုဘုကလန့်ပြောတတ်သည်။ခံစားချက်များကိုအမြဲလိုလိုလျို့ဝှက်ထားတတ်သူ။အပြင်ပန်းရုပ်ရည်သည် မပြုံးမရယ်ခပ်တည်တည်နေတတ်သော်လည်းအတွင်းစိတ်ထားသည်ဖြူစင်သည် ။စိတ်ကောင်းရှိသည်။ တည်ငြိမ်ရင့်ကျက်သည်။သူတစ်ပါးကို ကူညီပေးကမ်း စွန်ကြဲတတ်သည်။ အရင်းနှီးဆုံးသူများအပေါ်အနစ်နာခံပေးတတ်သည်။ တချို့သူဌေးတော်တော်များများမိန်းမရှုပ်တတ်သော်လည်း မိန်းမမရှုပ်တတ်သူ တစ်ဦးဖြစ်သည်။

ကိုးလ်း အဖြစ် ကောင်းမြတ်စံ 

┉┉┉┉┉┉┉┉┉┉┉┉
ပျော်ပျော်ရွှင်ရွှင်နေတတ်သည်။ ဘဝကိုခပ်ပေါ့ပေါ့ပင် ဖြတ်သန်နေသူ ဖြစ်သော်လည်းစိတ်ရင်းကောင်းသည်။ မိမိအမှားကို တာဝန်ယူလိုစိတ်ရှိသည်။စီမံခန့်ခွဲမှု အလုပ်များတွင်စိတ်ဝင်စားမှုမရှိသော်လည်း အချက်အပြုတ်တွင်ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်သည်။

နေချိုသွေး အဖြစ် ဆောင်းဝတ်ရည်မေ  

┉┉┉┉┉┉┉┉┉┉┉┉┉┉
နိုင်ငံခြားတွင်အနေကြာသဖြင့် ခေတ်မှီပြီးဖော်ရွေပွင့်လင်းသော်လည်း ကိုယ့်ကိုယ်ကိုယ်တန်းဖိုးထားသောမိန်းမကောင်းတစ်ယောက်ဖြစ်သည်။ စိတ်ကောင်းရှိသည်။ အယုံလွယ်သည်။ ဖခင်အပေါ်အလွန်ချစ်သော် သမီးတစ်ယောက်ဖြစ်သည်။စီမံခန့်ခွဲသည့်အပိုင်းတွင်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သစ်ပင်စိုက်ချင်းကိုဝါသနာပါသည်။

နန်းရတီ အဖြစ် မေဧကရီထူး  

┉┉┉┉┉┉┉┉┉┉┉┉
နိုင်ငံခြားတွင် ပညာတော်သင်သွားရန် ကြိုးစားနေသည့်အချိန် အကိုဖြစ်သူ၏ အခက်အခဲများကိုလိုက်လံကူညီနေသူ။ ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုများကြောင့် စိတ်ညစ်ပြီး ကလောသို့စိတ်ပြေလက်ပျောက်ခရီးထွက်သွားရာမှ မထင်မှတ်ထားသည့် အကြာင်းအရာများနှင့်ကြုံတွေ့ခဲ့ရသူ။ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးစိတ်ရင်းအလွန်ကောင်းသူဖြစ်သည်။

ပျိုမဒီ အဖြစ် ခင်သော်တာစံ 
┉┉┉┉┉┉┉┉┉┉┉
မိန်းမဆန်စွာဖြင့် လှပသည့်ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည် ။သူတစ်ပါးခံစားချက်ကိုနားလည်ပေးနိုင်သူ ၊ စိတ်ထားနူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်သည်။ စိုင်းနေရောင် နှင့် စေ့စပ်ထားသူဖြစ်သည်။
အေမီဇော် အဖြစ် သွန်းသစ္စာဇော်  
┉┉┉┉┉┉┉┉┉┉┉┉┉┉
ဘဝကို အေးအေးချမ်းချမ်းနေချင်သော်လည်း မိခင်ကြိုးဆွဲရာကိုကနေရသည့်သူဖြစ်သည်။
ဟန်ချမ်း အဖြစ် မင်းခန့်ကို 

┉┉┉┉┉┉┉┉┉┉┉┉
ရိုးသားကြိုးစားသည် ။ စိတ်ရင်းအလွန်ကောင်းသည် ။

ဗညားကိုလ်း အဖြစ် မင်းဦး 

┉┉┉┉┉┉┉┉┉┉┉┉
မိန်းမရှုပ်သူတစ်ဦးဖြစ်ပြီး လိုချင်တာရှိလျှင် မရ ရအောင် ယူတတ်သူဖြစ်သည် ။အတ္တကြီးသည် ။ မိသားစုအပေါ်တွင်ပင် ငဲ့ညှာမှုမရှိသူ ။ အရာရာကို ငွေဖြင့် ဝယ်လျှင် ရသည်ဟု ယုံကြည်ထားသူ

 
ဒါလီတင်စန်း အဖြစ် မေကဗျာ 
┉┉┉┉┉┉┉┉┉┉┉┉┉
ယောကျာ်းဖြစ်သူ၏ အကျင့်စရိုက်ကို မကြိုက်နှစ်သက်၍ အရွဲ့တိုက်နေရသော် လည်း တကယ်တမ်းတွင် ပျော်ရွှင်စရာကောင်းသည့် မိသားစုဘဝမျိုးဖြင့်နေထိုင် ချင်သူ ။ မိခင်စိတ်ရှိသူ ။
 

စိုင်းမင်းရှိန် အဖြစ် မင်းသစ် 
┉┉┉┉┉┉┉┉┉┉┉┉
ရှမ်းလူမျိုးသူဌေးတစ်ဦးဖြစ်သည် ။ စည်းစနစ်ကြီးသည် ။ ဒေါသကြီးသည် ။ လုပ်ငန်းအားလုံးနီးပါးကို သားဖြစ်သူ စိုင်းနေရောင်ကို ဦးဆောင်ကာ လုပ်ကိုင်စေသူ ။ စီးပွားရေးလောကတွင် ငယ်ငယ်ရွယ် ရွယ် ဖြင့် အောင်မြင်နေသော သားဖြစ်သူကို မကောင်းသည့် မိန်းမများနှင့် တွေ့ပြီး ပါသွားမှာကို စိတ်ပူ သဖြင့် စီးပွားဖက်သူငယ်ချင်း၏ သမီးဖြစ်သူနှင့် လက်ထပ်ပေးရန် ကြိုးစားနေသူ ။

နန်းကြေးမှုံ အဖြစ် ခင်သန်းနွဲ့ 

┉┉┉┉┉┉┉┉┉┉┉┉┉
နူးညံ့သိမ်မွေ့သည် ။ စိတ်ကောင်းရှိသည် ။ သားသမီးများအပေါ်စိတ်သဘောထားပြည့်ဝသော မိခင် တစ်ဦးဖြစ်သည် ။ အရာရာကို အေးအေးဆေးဆေးဖြေရှင်းဖို့ကြိုးစားတတ်သည် ။

စီစီဇော် အဖြစ် ဝါဝါအောင် 

┉┉┉┉┉┉┉┉┉┉┉┉
ပိုက်ဆံမက်သောသူ ၊ ငွေရမည်ဆိုလျှင် ဘာမဆိုလုပ်မည့်သူ ၊ စပွန်ဆာ အမြဲရှာနေသူ ၊ ရလျှင်ရသလို ချူစားတတ်သူ ၊ သားသမီးကို မငဲ့ပဲ လုပ်ချင်တာလုပ်သူ ၊

နေချိုသွေး၏ဖခင် ဦးဘုန်းဥာဏ် အဖြစ် ကိုကိုလင်းမောင် 

┉┉┉┉┉┉┉┉┉┉┉┉
စီးပွားရေးလောကတွင် အောင်မြင်သည့် သူဌေးတစ်ဦးဖြစ်သည်။ လောင်းကစားကို အလွန်ဝါသနာပါသည်။ ထိုလောင်းကစားကြောင့်ပင် ဘ၀ပျက်ခဲ့ရသူဖြစ်သည်။

 

19 Oct 2017     2,206 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment