BEC-TERO TV

ယခုနှစ်ဝါကျွတ်ကာလပြည်တွင်းအိမ်ခြံမြေရောင်း၊၀ယ်၊ငှားဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုကောင်းလာ

20 Oct 2017     1,234 Views


ယခုနှစ်ဝါကျွတ်ကာလ အိမ်ခြံမြေရောင်း၊၀ယ်၊ငှားဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက်ပိုမို ကောင်းလာခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းအိမ်ခြံမြေအရောင်းဈေးကွက်ဟာ (၂၀၁၄)ခုနှစ် နောက်ပိုင်းကစတင်ပြီး အေးသွားခဲ့ပေမယ့် ယခု(၂၀၁၇)ခုနှစ်ဇွန်လကစတင်ကာ ဈေးကွက်ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြည်တွင်းအိမ်ခြံမြေဈေးကွက် ကောင်းမွန်လာတာကြောင့်ယခုနှစ်ဝါကျွတ် ကာလမှာတော့ အငှားဈေးကွက်အနေနဲ့ လမ်းမတော်၊လသာ၊စမ်းချောင်း၊ ကြည်မြင်တိုင်မြို့နယ်တွေမှာ အငှားဈေးကွက်သွက်လာခဲ့ပြီး တိုက်ခန်းအရောင်းဈေးကွက်အနေနဲ့တော့ စမ်းချောင်း၊ကြည်မြင်တိုင် တို့နဲ့ လှိုင်သာယာနဲ့တောင်ဒဂုံမြို့နယ်တို့က တန်ဖိုးနည်းအိမ်ရာတွေရဲ့အရောင်းသွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်မြေကွက်အရောင်းအနေနဲ့ငွေကျပ်သိန်း(၁၀၀၀)အောက်တန်ဖိုးရှိတဲ့ လှိုင်သာယာနဲ့ရွှေပြည်သာတို့က မြေကွက်တွေအရောင်းအ၀ယ်ပိုဖြစ်လာတယ်လို့သိရပါတယ်။ အခုနှစ်ရဲ့ဝါကျွတ်ကာလမှာ အိမ်ခြံမြေရောင်း၊၀ယ်၊ငှားဈေးကွက်ဟာ (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်လာခဲ့တယ်လို့သိရခဲ့ပါတယ်။ဒီနှစ်အိမ်ခြံမြေ အရောင်းဈေးနှုန်းတွေကတော့ ဈေးမြင့်တက်မှုမရှိဘဲ(၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအထိ ဈေးကျခဲ့ပြီး အငှားဈေးနှုန်းကတော့(၁၀)ရာခိုင်နှုန်းဈေးလျော့ကျလာတယ်လို့ သိရပါတယ်။ အခု(၂၀၁၇)နဲ့လာမယ့်(၂၀၁၈)ခုနှစ်တွေမှာ ပြည်တွင်းအိမ်ခြံမြေဈေးနှုန်းဟာ အများကြီးဈေးတက်ဖို့မရှိဘဲ ဈေးအနည်းငယ်ကျနိုင်တယ်လို့ခန့်မှန်းထားတယ်လို့သိရပါတယ်။


20 Oct 2017     1,234 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS