BEC-TERO TV

တစ်နေ့အနိမ့်ဆုံးလုပ်ခကို အခုအခါ ကျပ် ၆၆၀ဝ အထိ တိုးမြှင့်သတ်မှတ်သင့်ကြောင်း

20 Oct 2017     1,260 Views


 နိုင်ငံခြားငွေလဲလှယ်နှုန်းကြီးမြင့်လာတာတွေ၊ ကုန်ဈေးနှုန်းမြင့်တက်လာတာတွေကြောင့် အလုပ်သမားတွေအတွက် နဂိုသတ်မှတ်ထားတဲ့ တစ်နေ့အနိမ့်ဆုံးလုပ်ခကို အခုအခါ ကျပ် ၆၆၀ဝ အထိ တိုးမြှင့်သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ဆိုတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ မခိုင်ဇာအောင်က ကုန်ဈေးနှုန်းတက်လာတဲ့အခါမှာ အရင်ကဝယ်နိုင်စွမ်းအားထက်အများကြီးကျသွားတယ်၊ အခုအချိန်မှာ သူတို့ရဲ့စားရေးအတွက်ရရှိတဲ့ငွေကြေးက ဘာမှကွာခြားမှုမရှိဘူး၊ ဒါပေမဲ့ ကုန်ဈေးနှုန်းကတက်သွားတယ်လို့ ပြောပါတယ်။
စစ်တမ်းကောက်ယူချက်အရ အလုပ်သမားတွေစားနေရတဲ့ အစားအသောက်တွေရဲ့ အရည်အသွေးကကျသွားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ စားသောက်ရေးနဲ့ပတ်သက်ရင် လူတစ်ယောက်တစ်နေ့တာပြည့်ရမယ့် ကယ်လိုရီအပေါ်မူတည်ပြီးတွက်ချက်တာပါ။၂၀၁၅ ခုနှစ်မှာ အနိမ့်ဆုံး တစ်နေ့လုပ်ခလစာ ကျပ် ၃၆၀ဝ ဟာ အခုချိန်မှာအဆင်မပြေတော့ ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က စစ်တမ်းတွေလုပ်ထားတာရှိပါတယ်။ လူတစ်ယောက်က တစ်နေ့ကို ကယ်လိုရီ ၂၀ဝ၀ ပြည့်အောင်စားရမယ်။ အဲ ဒါက အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၁.၉ ဒေါ်လာရှိတယ်။
လူတစ်ယောက်က ဒီလောက်စားသုံးမှ သူ့ရဲ့အာဟာရ ပြည့်ဝမယ်၊ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝမယ်၊ သူ့ရဲ့ဖွံ့ဖြိုးမှုအားကောင်းမယ်၊ စားသောက်မှုနဲ့ ပတ်သက်ရင်တော့ ဒီအပေါ်မှာပဲအခြေခံတွက်ချက်တယ်လို့ မခိုင်ဇာအောင်က ပြောတယ်။
၂၀၁၅ ခုနှစ်မှာငွေလဲလှယ်နှုန်းထားအရ တစ်ဒေါ်လာကို ကျပ် ၁၀ဝ၀ ဖြစ်တဲ့အတွက် ကျပ် ၃၆၀ဝ မှ ၃.၆ ဒေါ်လာပဲရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုက တစ်ဒေါ်လာကို ကျပ် ၁၃၀ဝ ကျော်ရှိလာတဲ့အအတွက် ငွေလဲနှုန်းအတိုင်းပေးမယ်ဆိုရင်တောင် တစ်နေ့လုပ်ခ လစာအနည်းဆုံး ကျပ် ၄၀ဝ၀ ကျော်ရရှိရမှာဖြစ်တယ်။ငွေလဲလှယ်နှုန်းထားကိုသတ်မှတ်တဲ့အခါ မူဝါဒတစ်ရပ်အနေနဲ့ထည့်သွင်းဖို့ ဝန်ကြီးဌာနကိုတင်ပြထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းဇော်က ဒါတွေမပြောင်းပေးရင် အဆင်မပြေဘူး၊ ဘာလို့ဆိုအိမ်ငှားခတွေကလဲဈေးကြီးတယ်၊ မလုပ်ပေးနိုင်ရင် တိုင်းပြည်ရဲ့အလုပ်သမားတွေရဲ့ အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်လို့ ပြောပါတယ်။
ဒေါ်လာဈေးပြောင်းလဲမှုအပေါ်မူတည်ပြီးတော့ လုပ်ခလစာတွက်ချက်ပေးရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က မူဝါဒချမှတ်ထားတာဖြစ်ပါတယ်။ အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ရေးအတွက် ဒီဇင်ဘာလထဲမှာ အမျိုးသားကော်မတီရဲ့စတုတ္ထအကြိမ်အစည်းအဝေးပြုလုပ်ဖို့ရှိပါတယ်။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး သည်နေ့နေ့လယ် ၂းဝ၀ နာရီက အောခစ်ဟိုတယ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က သတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်။
 
Credit >>> kumudranews
 

20 Oct 2017     1,260 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS