BEC-TERO TV

အနုပညာအလုပ်တွေ ပြန်လုပ်ရင် ပရိတ်သတ် တုံ့ပြန်မှုကို ရင်ခုန်တယ်ဆိုတဲ့ စမိုင်း

20 Oct 2017     1,260 Views


အနုပညာ အလုပ်တွေ ပြန်လုပ်နေပြီး ပရိတ်သတ်အတွက်အကျိုးရှိစေမယ့် ဇာတ်ကားမျိုးတွေကိုပဲ ရွေးချယ်ရိုက်ကူးမယ်ဆိုတဲ့ စမိုင်းဟာ “ လိုက်ဖက်မယ့် ကာရိုက်တာမျိုး ဇာတ်လမ်းကိုကြည့်တဲ့ ပရိတ်သတ်အတွက် ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားပြီးတော့ ဇာတ်ကားတွေ လက်ခံရိုက်ကူးပါတယ်။ လုပ်ခွင့်ရမယ် ဆိုရင်တော့ ရိုက်ပါတယ် ။ ဒီအသက်အရွယ်ကျမှ အနုပညာအလုပ်တွေ ပြန်လုပ်တာဆိုတော့ ပရိတ်သတ်အတွက် အကျိုးရှိတာ တစ်ခုခုပြန်ပေးနိုင်တဲ့ ဇာတ်မျိုးလေးတွေပဲရိုက်ချင်တော့တယ် ။ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့ အချိန်မှာ ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုက ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ရင်ခုန်တယ် ။ ပရိတ်သတ်တွေ ဘယ်လိုမျိုးပဲ ပြောလာပြောလာ ရင်ဆိုင်နိုင်အောင် ကြိုးစားသွားမယ် ။

အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ အတွက် ၀ိတ်ကျအောင် လို့ အရင်တုန်းကတော့ ပိန်ဆေးတွေသောက်ခဲ့ ပေမယ့် အခုတော့မသောက်တော့ဘူး ပိန်ချင်တဲ့အတွက်ကျန်းမာရေးလိုက်စားတယ် ။လေ့ကျင့်ခန်းလုပ်ပြိးတော့ပဲ ၀ိတ်လျှော့တယ် ။ လက်ရှိမှာတော့ ဇာတ်ကားကြီးတစ်ကားရိုက်ကူးထားပြီး ဆက်ရိုက်သွားဖို့တွေလည်းရှိပါတယ် “ ဆိုပြိး ပြောထားပါတယ် ။

Credit:democracy


20 Oct 2017     1,260 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment