BEC-TERO TV

ကိုရီးယားမင်းသမီးလေးတွေလို အသားအရေထိန်းသိမ်းကြမယ်...

25 Oct 2017     1,068 Views


ကိုရီးယားမင်းသမီးလေးတွေလိုချွေးပေါက်ကင်းပြီး တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်စေဖို့

 တောင်ကိုရီးယားနိုင်ငံဟာ အလှအပရေးရာမှာလည်း နာမည်ကြီးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ကိုရီးယား မင်းသမီးလေးတွေရဲ့ အသားအရေတွေ လှပနေတာက အံ့သြစရာတော့ မရှိလှပါဘူး။ ဒါပေမယ့် အဲ့ဒါက နည်းပညာ တစ်ခုတည်း ကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အသားအရေကိုထိန်းသိမ်းတဲ့ နည်းလမ်းကောင်းတွေကြောင့်လည်း ဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကလည်း သင့်ကို ကိုရီးယားမလေးတွေလို ချွေးပေါက်ကင်းပြီးတောက်ပတဲ့ အသားအရေကိုပေးစွမ်းနိုင်မှာပါ။

၁. ရေချိုးနေချိန် ဒါမှမဟုတ် မျက်နှာသစ်နေချိန်မှာမျက်နှာကို နှိပ်နယ်ပေးပါ။

 မျက်နှာကို နှိပ်နယ်ပေးတာကလည်း မျက်နှာပေါ်မှာရှိတဲ့ သွေးကြောတွေကို သွေးလည်ပတ်မှု ကောင်းစေပြီး အသားအရေကိုလည်းတောက်ပစေပါတယ်။

၂. ရေနွေးထဲမှာ နှစ်ထားတဲ့ အဝတ်စနဲ့ မျက်နှာကိုပွတ်တိုက်ပေးပါ။

 အဝတ်စသန့်သန့်လေးတစ်ခုကိုယူပြီး ရေနွေးထဲကို နှစ်လိုက်ပါ။ ပြီးရင် အဲဒီအဝတ်စနဲ့ မျက်နှာကို ငြင်ငြင်သာသာ လေးပွတ်တိုက်ပေးပါ။ ပွတ်တဲ့အခါ အောက်မှအပေါ် ဒါမှမဟုတ် စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ အဲ့ဒီ့နည်းလမ်းက မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃. မျက်နှာပေါ်မှာရှိတဲ့ အကြောတွေကိုဖြေလျော့ပေးပါ။

 A - E - I - O - U ဆိုတဲ့ စာလုံးတွေကို သာမန်ပြောနေကျပုံစံထက် ပိုမာန်ထည့်ပြီး တစ်နေ့ကို သုံးကြိမ်လောက် ပြောပေးပါ။ အဲ့လိုလုပ်ပေးတာကလည်း သွေးလည်ပတ်မှုကိုကောင်းစေပြီး အသားအရေကို တောက်ပစေပါတယ်။

 

၎. ကြက်ဥအကာနဲ့ ပြုလုပ်ထားတဲ့ mask တွေကိုသုံးပေးပါ။

        ကြက်ဥအကာမှာ ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။ အဲ့ပရိုတိန်းဓာတ်က အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်။ တကယ်လို့ mask တွေ ဝယ်ရတာ မလွယ်ဘူး ဆိုရင်တော့ ကြက်ဥအကာကို ဒီအတိုင်းလိမ်းပြီး ခြောက်သွားတဲ့အခါ ရေဆေးချလိုက်ပါ။

 

ကဲ… ဒီလိုလေးတွေလုပ်ပြီး ကိုယ့်မျက်နှာအသားအရေကို ထိန်းသိမ်းကြရအောင်နော်။


25 Oct 2017     1,068 Views




RELATED

Most Popular of Health Fix

Most Popular of Life Style