BEC-TERO TV

မောင်းသူမဲ့ရထား လမ်းမပေါ်တွင် စတင်စမ်းသပ်ပြေးဆွဲ (ရုပ်သံ)

26 Oct 2017     1,324 Views


တရုပ်နိုင်ငံ ကျူကျိုးပြည်နယ်က ဟန်နန်မြို့ပေါ်တွင် မောင်းသူမဲ့ရထားကို အမှန်တစ်ကယ်ပြေးဆွဲမည့် လမ်းကြောင်းအတိုင်း မြို့တွင်းမှဖြတ်သန်း၍ စမ်းသပ်ပြေးဆွဲမှုများ စတင်လျှက်ရှိသည်။


Autonomous Rail Rapid Transit (ART) ဟာ ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့ရထားဖြစ်ပြီး သံလမ်းပေါ်မှာ ပြေးဆွဲခြင်းမဟုတ်ပဲ ကားသွားသည့် လမ်းမပေါ်တွင် သူ့အတွက် သီးသန့်ရေးဆွဲထားသော မျဉ်းလိုင်းပေါ်တွင် အလုလျှောက်မောင်နှင်သော စနစ်ဖြစ်သည်။


အဆိုပါရထား လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ လတ်တလောမှာ ခရီးစဉ်အတိုလေးသာ ပြေးဆြွသွားမှာဖြစ်ပြီး လာမည့်နှစ်မှာတော့ မြို့လည်ကောင်က ဖြတ်သွားနိုင်ရန် ၆.၅ ကီလိုမီတာအရှည် တိုးချဲ့သွားမည်ဖြစ်သည်။


ရထားဟာ ဘတ်ထရီစနစ်နဲ့ မောင်းနှင်တာဖြစ်ပြီး ခရီးသည် ၃၀၇ ဦး စီနင်းလိုက်ပါနိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၇၀ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ကြောင်း သိရှိရသည်။
 


26 Oct 2017     1,324 Views




RELATED

Most Popular of International News

Most Popular of NEWS