BEC-TERO TV

ခံစားချက်အပြည့်နဲ့ Song For You ည

04 Nov 2017     9,498 Views


          အခုတစ်ပတ်မှာလည်းThe X Factor Myanmar ရဲ့ Song For You Week ပထမနေ့မှာတော့ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ခုနစ်ယောက်က သူတို့ရည်ရွယ်ထားတဲ့ ချစ်ခင်မြတ်နိုးရတဲ့လူတွေဆီ ပြောချင်တဲ့ စကားတွေကိုသီချင်းတွေကနေတစ်ဆင့် ပြောပြရင်းခံစားချက်အပြည့်နဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ရတာကြောင့် ပရိသတ်ကြီးလည်း ပြိုင်ပွဲဝင်တွေနဲ့ ထပ်တူခံစားခဲ့ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

          အခုတော့ Popolay ကနေထုံးစံအတိုင်းမကြည့်ဖြစ်လိုက်တဲ့ ပရိသတ်ကြီးကို ပြန်လည်ဝေမျှပေးလိုက် ပါတယ်။

          ဒီတစ်ပတ်ရဲ့ The X Factor Myanmar “Song For You” Week ရဲ့ ပထမဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ ယမုံ (03) က သူသိပ်ချစ်ရတဲ့ သူ့အမျိုးသားနဲ့အတူ လူချင်းမတွေ့မမြင်ရ၊ ဘယ်ဆီဘယ်နေရာတွေမှာ ရောက်နေမှန်း မသိပေမယ့် သူ့ကိုအားပေးကြတဲ့ ပရိသတ်ကြီးရဲ့ မေတ္တာကိုခံစားသိနေရတာကြောင့် ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင့်းကို တေးရေး - မင်းချစ်သူရေးထားတဲ့ “အရင်လိုပဲအရင်အတိုင်းပဲ” ဆိုတဲ့ သီချင်းလေးကနေတစ်ဆင့် ပြောပြခဲ့ပါတယ်။

          G Mine Nar (X10) က အသက်ငယ်ငယ်က ဖြူဖြူချောချောကောင်မလေးတွေကိုသဘောကျခဲ့ ပေမယ့် အခုအချိန်မှာတော့ ညိုချောလေးတွေကိုလည်း သဘောကျတတ်လာပြီး ကမ္ဘာပေါ်မှာရှိတဲ့ ညိုချော ကောင်မလေးတွေ အားလုံးအတွက် ရည်ရွယ်ပြီး တေးရေး - ကချင်လေး (အဂူး) ရေးထားတဲ့ “ဘယ်သူဖန်ဆင်းပေးတာလဲ” ဆိုတဲ့ သီချင်းကိုသီဆိုနေရင်းထိုင်နေတဲ့ ပရိသတ်ကြီးထဲ ဆင်းသွားပြီး ညိုချောကောင်မလေးတစ်ယောက်ကို ကြင်နာစွာခေါ်ခဲ့ပြီး ကြည်ကြည်နူးနူးလေး ယှဉ်ပြိုင်သီဆိုခဲ့ပါတယ်။

          David Derrick (X11) က သူငယ်ငယ်တုန်းကသူ့အပေါ် အရမ်းကောင်းပြီးသိပ်ချစ်တတ်တဲ့ ကောင်မလေးကို အကြောင်းပြချက်မရှိဘဲ ထားခဲ့မိတာကို နောင်တရနေခဲ့တဲ့အကြောင်း ပြောပြချင်တာကြောင့် တေးရေး - Bruno Mars ရေးထားတဲ့ “When I was Your Man” ဆိုတဲ့ သီချင်းကို ဝမ်းနည်းစွာသီဆိုရင်း သူနောင်တရနေကြောင်း ပြောပြခဲ့ပါတယ်။

          Oxygen (X06) က သူငယ်ချင်းကောင်းဆိုတာ ပါးစပ်ကဖွင့်ပြောစရာမလိုအောင် သိပ်ချစ်ဖို့ကောင်း သလို အခုချိန်မှာမတွေ့ဖြစ်မဆုံဖြစ်ကြတော့တဲ့ သူငယ်ချင်းတွေကို သူတို့ သတိရနေကြောင်း တေးရေး - မုန်းမီ ရေးထားတဲ့ “အချစ်ဆုံးသူငယ်ချင်း” ဆိုတဲ့ သီချင်းလေးကနေ တစ်ဆင့်ပြောပြခဲ့ပါတယ်။

          ကျော်ဇင်သန့် (X12) က သူ့ဘဝရဲ့ အရေးပါဆုံးအစိတ်အပိုင်း ဖြစ်တဲ့ အရင်ကရေဘေးဒုက္ခသည်တွေ အတွက် သုံးလေးညဆက်တိုက် သူငယ်ချင်းတွေနဲ့ နေရာစုံမှာသီချင်းလိုက်ဆိုရင်း အလှူခံခဲ့ကြတဲ့ အချိန် တွေကို ပြန်သတိရတာကြောင့် တေးရေး - မောင်သစ်မင်းရေးထားတဲ့ “သီချင်းများနဲ့လူ” ဆိုတဲ့ သီချင်းကိုခံစားချက်အပြည့်နဲ့ သီဆိုရင်း ရွယ်တူလူငယ်တွေကို ကိုယ်လုပ်နိုင်တဲ့အရာတွေ လုပ်ရင်း အကူအညီလိုအပ်နေတဲ့ လူတွေကိုကူညီကြဖို့ စကားလက်ဆောင်ပါးခဲ့ပါတယ်။

          မယ်လိုဒီခေါင် (X08) က သူကိုယ်တိုင် အမေဖြစ်လာတဲ့အခါ အမေရဲ့ခံစားချက်တွေကိုကိုယ်ချင်းစာ နိုင်လာပြီး အမေအပါအဝင် ကမ္ဘာပေါ်က အမေအားလုံးကိုဂုဏ်ပြုတဲ့ အနေနဲ့ တေးရေး - L.ဇော်လရေးထားတဲ့ “ကျေးဇူးပဲမေမေ” ဆိုတဲ့ သီချင်းကို ပရိသတ်ထဲမှာထိုင်နေတဲ့ အမေ့ဆီ ပန်းစည်းပေးရင်း သီချင်းလေးကနေ တစ်ဆင့် မိဘနှစ်ပါးလုံးကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

          Purity (X09) က State ကျောင်းတုန်းကကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့ပြီး အခုအချိန်လောက်ဆိုကလေးတွေတောင်ရနေနိုင်တဲ့ ငယ်ငယ်က သူ Crush ခဲ့ရတဲ့  King အစ်ကိုကြီးကို သတိတရရည်ရွယ်ပြီး တေးရေး - Mary ရဲ့ “ဝဲ” သီချင်းကိုခံစားသက်ဝင်မှု အပြည့်နဲ့ အကောင်းဆုံးယှဉ်ပြိုင် ဖျော်ဖြေသွားခဲ့ပါတယ်။

          The X Factor Myanmar ကတော့ တစ်ပတ်ထက်တစ်ပတ် ပိုကောင်းလာသလိုတစ်ပတ်ထက် တစ်ပတ်လည်း အကြိတ်အနယ်ဖြစ်လာကြတာကြောင့် စနေနေ့ညတိုင်းက ပြိုင်ပွဲတစ်ပွဲကို ကြည့်နေရတယ် ဆိုတာထက် ဖျော်ဖြေပွဲတစ်ခုကို ကြည့်နေရသလို ဖြစ်လာပါတယ်။

          အခုတစ်ပတ်မှာလည်း ဒိုင်လူကြီးတွေက ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်သီဆိုမှုကို အရမ်းအားရကျေနပ်ခဲ့ကြပြီး ဒိုင်လူကြီးတွေ ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်တွေရဲ့ ခံစားချက်တွေနဲ့ ထပ်တူ ကြနေခဲ့ပါတယ်။ ပရိသတ်ကြီးရဲ့ ခံစားချက်တွေလည်းထပ်တူကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

          ကဲ… ပရိသတ်ကြီးရေ The X Factor Myanmar ရဲ့ “Song For You” Week ရဲ့ ပထမနေ့ ယှဉ်ပြိုင်သီဆိုမှုကတော့ ခံစားချက်တွေအပြည့်နဲ့ ပြီးသွားခဲ့ပြန်ပါပြီ။ မနက်ဖြန် Result Show မှာဘယ်သူတွေ က နောက်တစ်ပတ်ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရပြီး ဘယ်သူကအိမ်ပြန်ဖို့ နှုတ်ဆက်ရမယ်ဆိုတာကိုPopolayနဲ့ အတူ ရင်ခုန်ခံစားရင်း စောင့်မျှော်ကြည့်ကြရအောင်နော်။

          သြော်…မနက်ဖန်အတွက် ရင်ခုန်ရင်းကိုယ်သဘောကျနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေ အိမ်မပြန်ရအောင် Voting တွေလည်းပေးဖို့မမေ့ပါနဲ့နော်။

          Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရပါတယ်။


04 Nov 2017     9,498 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW