BEC-TERO TV

ဒိုင်တွေအားလုံးနှမြောတသဖြစ်ရတဲ့ Result Show ည

05 Nov 2017     19,905 Views


The X Factor ရဲ့ ထုံစံအတိုင်း တနင်္ဂနွေ Result Show ညကို ရောက်လို့လာပြန်ပါပြီ။ ဒီလို Result Show ညဟာ အစီစဉ်ရဲ့ ပွဲဦးထွက်မှာ အပြုံးအပျော်တွေနဲ့ စတင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲဝင်တစ်ယောက် နှုတ်ဆက်ထွက်ခွာသွားရ အတွက် အဲဒီအခိုက်အတန့်ဟာ ပရိသတ်တွေရော ဒိုင်တွေပါ အရမ်းစိတ်လှုပ်ရှားရတဲ့ ညဖြစ်ပါတယ်။

အစီစဉ်ရဲ့ အစမှာ ပြိုင်ပွဲဝင်တွေအားလုံး Group Song နဲ့ ပရိသတ်ကြီးကို သီဆိုနှုတ်ဆက်ခဲ့ပါတယ်။ ဒိုင်လူကြီးတစ်ယောက်ခြင်းစီနဲ့ သူတို့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးတွေက ပြိုင်ပွဲဝင်တွေအပေါ် သူတို့ရဲ့ ထင်မြင်ချက်နဲ့ အားပေးစကားများ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒိုင်လူကြီးမင်း ကိုဇဝါရဲ့ သမီးငယ် အဆိုတော်တစ်ဦးဖြစ်တဲ့ “ပိုပိုဟေသာ” က တေးသီချင်းနှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။

“ပိုပိုဟေသာ” ရဲ့ ဖျော်ဖြေမှု အဆုံးမှာ ပရိသတ်နဲ့ ဒိုင်လူကြီးမင်းတွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် Result ကို ကြေညာရမယ့်အချိန်ကို ရောက်ရှိလာပြန်ပါတယ်။
အစီစဉ်တင်ဆက်သူ မှူးသီဟသူရဲ့ ကြေညာချက်နဲ့အတူ ပြိုင်ပွဲဝင်တစ်ယောက်ပြီး တစ်ယောက် နောက်အဆင့်ကို တက်သွားခဲ့ချိန်မှာ နောက်ဆုံး ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ မဇမ်နူးရဲ့ Girls Category က “Purity” နဲ့ ကိုစည်သူလွင်ရဲ့ Overs Category က “ယမုံ” တို့နှစ်ဦးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပရိသတ်နဲ့အတူ ဒိုင်လူကြီးမင်းတွေလည်း အံ့အားသင့်ခဲ့မှာ အမှန်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အဆိုပညာမှာ ပါးနပ်စွာ သီဆိုတတ်ပေမယ့် ယခင်အပတ်တွေမှာ Bottom ထိုင်ခဲ့ရဖူးတာလဲတူသလို သုံးကြိမ်သုံးခါ Bottom ထိုင်ခဲ့ရတဲ့ အရေအတွက်လည်း အတူတူဖြစ်ပါတယ်။

ကိုစည်သူလွင်ကတော့ “ယမုံ” ထပ်မံပြီး Bottom ထိုင်ရတဲ့အပေါ်  ပရိသတ်တွေက သီချင်းဆိုတာ ထပ်ကြားချင်လို့ Save song ဆိုရအောင် ထပ်လုပ်တယ်လို့ပဲ မှတ်ပါလို့ အားပေးခဲ့ပါတယ်။
“ယမုံ” ဟာ ကိုစည်သူလွင်ရဲ့ အဖွဲ့ Overs Category မှာ နောက်ဆုံးကျန်တော့တဲ့ တစ်ယောက်ပဲ ဖြစ်ပါတယ်။

မဇမ်နူးရဲ့ Girls မှာတော့ “Purity” နဲ့ “Melody Khong” နှစ်ဦး ကျန်ရှိနေပါသေးတယ်။
ဒိုင်လူကြီးများရဲ့ အဆုံးအဖြတ်က အရမ်းကို အရေးပါနေပါပြီ။ ထုံစံအတိုင်း “ကိုစည်သူလွင်” နဲ့ “မဇမ်နူး” က ကိုယ့်လူကိုယ် Save လုပ်တဲ့အတွက် ပြိုင်ပွဲဝင်နှစ်ဦးလုံး မဲတူညီနေပါတယ်။ သူတို့နှစ်ဦးရဲ့ ကံကြမ္မာကတော့ အခြားဒိုင်နှစ်ဦးဖြစ်တဲ့ “ကိုဇဝါ” နဲ့ “မငယ်ငယ်” ဆို့ဆီမှာပဲ မူတည်နေပါတယ်။

ပထမဦးဆုံး ကိုဇဝါ က “Purity” ကို အိမ်ပြန်လွှတ်ဖို့ ရွေးချယ်ခဲ့ပါတယ်၊ ဒုတိယ မငယ်ငယ်ရဲ့ အလှည်မှာလည်း စိတ်မကောင်းပါဘူးဟု ဆိုပြီး “Purity” ကိုပဲ အိမ်ပြန်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် “ယမုံ” က နောက်တစ်ဆင့်ကို ယှဉ်ပြိုင်ဖို့ တက်သွားခဲ့သလို၊ ကိုစည်သူလည်း နောက်ဆုံးလက်ကျန်တစ်ယောက် ဆုံးရှုံးပြီး Category မရှိတော့မယ့် အခြေနေက လွတ်ကင်းသွားခဲ့ပါတယ်။

နောက်တစ်ပတ်မှာတော့ Artist Theme နဲ့ ပြိုင်ပွဲဝင် ခြောက်ဦး ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေကတော့ Boys Category ထဲမှာ G Mine Nar ၊ David Derrick နဲ့ ကျော်ဇင်သန့်။ Group Category ထဲမှာ Oxygen။ Girls Category ထဲမှာ Melody Khong။ Overs Category ထဲမှာ ယမုံ တို့ပဲ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ အသည်းကျော်တွေချည်း ကျန်တော့တာကြောင့် နောက်အပတ် နောက်အပတ်တွေကျရင် ပို၍ပို၍ စိတ်လှုပ်ရှားစရာကောင်းလာမှာ အမှန်ပဲဖြစ်ပါတော့တယ်။
စနေ တနင်္ဂနွေ ည ၇:၄၅ မိနစ်မှာ MRTV-4 ရုပ်သံလိုင်းက စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်..။
 


05 Nov 2017     19,905 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of Entertainment