BEC-TERO TV

အသက် ၂၄ နှစ်ကျော်တာနဲ့ သင့်ရဲ့ ဦးနှောက် စွမ်းရည်ကျဆင်းလာတာ သိပါသလား..?

06 Nov 2017     1,267 Views


လူတွေဟာ အသက် ၂၄ နှစ်ကိုရောက်တဲ့အချိန်ကစပြီး ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်မှု စွမ်းရည်ကျဆင်းလာတယ်ဆိုတဲ့ အချက်ကို သုတေသနပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ အကယ်၍သင်က ဒါကို မယုံကြည်ဘူးဆိုရင်တော့ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်နဲ့အတူ ဂိမ်းတစ်ခုထဲကို ကစားကြည့်ပြီး စမ်းသပ်ကြည့်ဖို့ကိုလည်း အကြံပြုထားပါတယ်။
 
ဒီအခါမှာ ကလေးရဲ့ စွမ်းဆောင်ရည်နဲ့ သင့်ရဲ့ စွမ်းဆောင်ရည်ကို လက်တွေ့ကျကျမြင်တွေ့ရမှာဖြစ်ပါတယ်။  

 

လူတွေရဲ့ ဦးနှောက်အလုပ်လုပ်မှုဟာ အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ စတင်နှေးကွေးလာပါတယ်။ ဒါပေမယ့် ဒီလို နှေးကွေးလာတယ်ဆိုတာ သင့်ရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားမျိုး မဟုတ်တဲ့အတွက် အရမ်းကြီးစိုးရိမ်စရာ မရှိပါဘူး။
 
အသက် ၂၄ ကျော်လာတဲ့အခါ ဦးနှောက်က နှေးကွေးသွားပေမယ် ကိုယ့်ရဲ့  အသက်ရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို မှီတည်ပြီး ဦးနှောက်က ဖြတ်လမ်းနည်းကို အသုံးချပြီး အလုပ်လုပ်လာပါတယ်။
 
ဘာကြောင့်မို့အခုလို ဖြစ်ရတာလဲဆိုတဲ့ တိကျတဲ့ အဖြေကို သိပ္ပံပညာရှင်တွေက မပေးနိုင်သေးပေမယ့် မျိုးစိတ်ဗီဇနဲ့ အရာဝတ္ထုတွေလို အသုံးပြုပါများလာတဲ့အခါ ပြုန်းတီးပျက်ဆီးလာမှု စတဲ့အချက်တွေ ရောထွေးနေတယ်လို့ ဆိုပါတယ်။
 
၂၀၁၄ ခုနှစ် ဂျာမန်ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ လူရဲ့ ဦးနှောက်ဟာ ကွန်ပျူတာ Hard Drive တစ်လုံးနဲ့ ဆင်တူကြောင်း ဖော်ပြထားပါတယ်။ သိုလှောင်သိမ်းဆည်းမှုတွေ များလာလေလေ သူ့ရဲ့ အလုပ်လုပ်တဲ့ စွမ်းရည်က နှေးကွေးလာလေလေ ဖြစ်တယ်လို့ မြင်သာထင်သာအောင် ဥပမာပေးထားပါတယ်။
 

ဒါပေမယ့် စိုးရိမ်စရာမလိုပဲ ပုံမှန်ကိုယ်ကာယ လေ့ကျင့်ခန်းတွေလုပ်မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်လျှော့ချတာတွေ ကိုယ့်ရဲ့  စိတ်ဉာဏ်စွမ်းရည် မကျအောင် အဆက်မပြတ် လေ့လာဆည်းပူးနေမယ်ဆိုရင် အသက်အရွယ်အရ ဦးနှောက် အလုပ်လုပ်မှု နှေးကွေးလာပေမယ့် ပုံမှန်လိုပဲ မသိသာပဲ ဆက်လက် နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ငါအသက်ကြီးနေပြီဆိုတဲ့ စိတ်မျိုး မမွေးပဲ အချိန်နဲ့အမျှ စပ်စုနေဖို့၊ ဆည်းပူးနေဖို့ လိုပါတယ်လို့ အကြံပြုထားပါတယ်။

 

ဦးနှောက်အလုပ်လုပ်ခြင်း နှေးကွေးမှုကို အလျှင်အမြန်ကျဆင်းလာစေသည့် အဓိကအချက်မှာ အရက်သောက်သုံးခြင်းဖြစ်သည်။ အမေရိကန်တွင် အစိုးရက အရက်သောက်သုံးမှုကို အမျိုးသမီးများအတွက် တစ်နေ့လျှင် တစ်ခွက်၊ အမျိုးသားများအတွက် နှစ်ခွက် ပြဌါန်းထားသည်။ ထိုထက်ပိုမိုကာ တစ်ပတ်လျှင် ၈ ခွက်ကနေ ၁၂ ခွက် သောက်သူများကို ဦးနှောက်စကင်ဖတ်ကြည့်ရာ ဦးနှောက်စွမ်းရည် ကျဆင်းမှုကို မြန်ဆန်လာအောင် အားပေးသည်ကို လေ့လာတွေ့ရှိခဲ့သည်။
 
ထို့ကြောင့် အသက်အရွယ်အလိုက် သဘာဝအရ ဦးနှောက်အလုပ်လုပ်မှု နှေးကွေးလာသည်ကို ရှောင်လွှဲ၍ မရသော်လည်း ပို၍ပို၍ စွမ်းရည်မကျအောင်တော့ ထိန်းသိမ်းနိုင်ပါသေးကြောင်း ဖော်ပြအပ်ပါသည်။

(ပိုပိုလေး)

 


06 Nov 2017     1,267 Views




RELATED

Most Popular of Special or Others

Most Popular of Life Style