BEC-TERO TV

ဘာဖြစ်လို့ ငါ့ကျမှ ခြင်ပိုကိုက်ခံနေရသလဲ..?

07 Nov 2017     1,608 Views


ခြင်ကိုက်ခံရတယ်ဆိုတဲ့ ကိစ္စကို လူတိုင်းကြုံဖူးကြပါတယ်။ ခြင်ကိုက်ခံရတာ မဆိုထားနဲ့ အနားမှာ တဝီဝီလာဝဲပျံနေရင်တောင် အင်မတန် စိတ်ရှုပ်စရာကောင်းပါတယ်။ ကိုက်ခံလိုက်ရပြီဆိုတာနဲ့ ယားဖုတွေပေါက်လာမယ်၊ ယားလို့ ကုတ်ရင်းဖဲ့ရင်းကနေ အခြားမလိုအပ်တဲ့ အနာတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။
ကြောက်စရာအကောင်းဆုံးကတော့ မလာရီယာ၊ ဇီကာလို ဗိုင်းရပ်စ်ပိုးတွေနဲ့ အခြားကူးစက် ရောဂါပိုးမွှားတွေ သယ်ဆောင်လာတတ်တာမို့ ခြင်ကိုက်မခံရအောင် နေထိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမယ့် တစ်နေရာထဲမှာ ရှိနေတာခြင်းအတူတူ သူ့ကျတော့ မကိုက်ဘူး၊ ကိုယ့်ကျတော့ အနားမှာ ခြင်တွေကို ဝီနေတာပဲဆိုတဲ့ အခြေနေမျိုးကြုံဖူးကြမယ်ထင်ပါတယ်..?

ခန္ဓာကိုယ်အမျိုးအစား၊ သွေးအမျိုးအစား၊ ခန္ဓာကိုယ်မှ အက်ဆစ်ဓါတ်ထုတ်ပေးမှုတွေပေါ်မှာ အခြေခံပြီး ခြင်ကိုက်ခံရတာ အနည်းအများ ကွာခြားတတ်ပါတယ်။ ဒီအချက်တွေက မိမိရဲ့ ခန္ဓာကိုယ်မှာ ဖြစ်တည်နေတာမို့ ရှောင်လွဲဖို့ သိပ်မလွယ်ပါဘူး။

ဒါပေမယ့် ခြင်ပိုကိုက်ခံရစေနိုင်တဲ့ အခြားအချက်တွေရှိပါသေးတယ်၊ ဒီအချက်တွေကို သတိထားလိုက်မယ်ဆိုရင်တော့ သင့်ကိုပဲ ခြင်တွေအများကြီးဝိုင်ကိုက်ခံရတဲ့ အခြေနေက လွတ်မြောက်နိုင်ပါတယ်။

၁။ အဝတ်အစားအရောင်


မိမိဝတ်ဆင်ထားတဲ့ အဝတ်အစားရဲ့အရောင်ကလည်း အများကြီးအရေးပါပါတယ်။ အနီရောင် ဒါမှမဟုတ် အနက်ရောင်၊ အပြာရောင်တို့ကို ဝတ်ဆင်ထားမယ်ဆိုရင် ခြင်တွေကို လာကိုက်ဖို့ ဖိတ်ခေါ်မိသလို ဖြစ်တတ်ပါတယ်။
ပိုးမွှားဗေဒပညာရှင် Dr. Jonathan Day ရဲ့အဆိုအရ ခြင်တွေဟာ များသောအားဖြင့် မြေကြီးနားမှာ ဝဲပျံနေလေ့ရှိပြီး ပိုပြီးမှောင်မဲတဲ့နေရာကိုသာ လိုက်ရှာပြီးကိုက်ဖို့ ရွေးချယ်တတ်လို့ဖြစ်ပါတယ်။



၂။ သွေးအမျိုးအစား


လူရဲ့ခန္ဓာကိုယ်က အက်ဆစ်ဓါတ် ၈၅%  ထုတ်လွှတ်နေပြီး အဲဒီကနေရတဲ့ အနံ့ကို ခြင်တွေကခွဲခြားသိနိုင်ပါတယ်။ အိုသွေးပိုင်ရှင်တွေဟာ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက် ၈၃% ခြင်ပိုကိုက်ခံရပါတယ်။ ခြင်တွေက အိုသွေးကို ပိုပြီးနှစ်ခြိုက်တဲ့သဘောပါ။

အေသွေးပိုင်ရှင်တွေကတော့ ခြင်ကိုက်ခံရမှဒ အနည်းဆုံးဖြစ်ပြီး ဘီသွေးသမားကတော့ အလယ်အလတ်မှာရှိပါတယ်။ အေဘီသွေးပိုင်ရှင်တွေကတော့ ဟိုမရောက်ဒီမရောက်ဖြစ်လို့ သိပ်ပြီးထည့်တွက်စရာ မလိုလောက်ပါဘူးနော်။



၃။ အရက်သောက်ခြင်း


အရက်သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်း အစာခြေဖျက်မှုကို မြန်စေသလို ခန္ဓာကိုယ်အပူချိန်ကိုလည်း မြင့်တက်စေပါတယ်။ အဲဒီအချက် နှစ်ချက်လုံးက ခြင်တွေကို အထူးဖိတ်ခေါ်သလို စွဲဆောင်နိုင်စေပါတယ်။



၎။ ဝိတ်တက်နေတဲ့အချိန် ကိုယ်ဝန်ဆောင်ထားချိန်


ဝ တဲ့သူနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မတူဘူးလို့ထင်ရပေမယ့် ခြင်တွေအတွက်ကတော့ အတူတူလို့ပဲ သဘောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြင်တွေဟာ CO2 ဆိုတဲ့ ဓါတ်တစ်မျိုးကို ထောက်လှမ်းပြီး သွေးစုပ်ရမယ့် သားကောင်ကိုလိုက်ရှာပါတယ်။
ဝ တဲ့သူတွေဟာ CO2 ထုတ်လွှတ်မှု ပိုပြီးများပါတယ်၊ ဒီလိုပါပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် CO2 ထုတ်လွှတ်မှု ၂၁% ပိုများတဲ့အတွက် ခြင်တွေက ဒီဓါတ်ကို ထောက်လှမ်းပြီး ကိုက်တာဖြစ်ပါတယ်။



၅။ ခန္ဓာကိုယ်ဇီဝ


ကိုယ်ကာယလေ့ကျင်းခန်း ပြုလုပ်ရာမှာ ထွက်လာတတ်တဲ့ လက်တစ်အက်ဆစ်နဲ့ ယူရစ်အက်ဆစ် ထုတ်လုပ်မှုများတဲ့သူတွေ ခြင်ကိုက်ခံရမှု ပိုများပါတယ်။ ဒါကြောင့်မို့ အားကစားလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါ အပြင်ဘက်မှာ အကြာကြီးနေတာမျိုးတွေက ခြင်တွေကို ဖိတ်ခေါ်သလိုမျိုး ဖြစ်တတ်ပါတယ်။

ဖော်ပြပါအကြောင်းအရာတွေက သင့်ကိုမှဘာကြောင့် ခြင်က ရွေးကိုက်ရသလဲလို့ ထင်လာတဲ့အခါ ပြန်လည်သုံးသပ်ပြီးနောက် ရှောင်ကျဉ်ကာကွယ်နိုင်မယ့် နည်းလမ်းများပဲဖြစ်ပါတယ်။
 


07 Nov 2017     1,608 Views




RELATED

Most Popular of Special or Others

Most Popular of Life Style