BEC-TERO TV

အသင်းကြီးတွေနဲ့အဝေးကွင်းပွဲစဉ်တွေမှာနိုင်ပွဲမရရှိခဲ့တဲ့ မန်ယူနည်းပြမော်ရင်ဟို

09 Nov 2017     1,293 Views


မန်ယူအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကိုကိုယ်တွယ်ပြီးနောက်ပိုင်း ရင်ဆိုင်ကစားခဲ့ရတဲ့မန်စီးတီး ၊စပါး၊ချယ်ဆီး၊အာဆင်နယ်၊လီဗာပူးလ်အစရှိတဲ့ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ 
မော်ရင်ဟိုဟာ မန်ယူအသင်းကို (၂၀၁၆) ခုနှစ်၊မေလ (၂၇) ရက်နေ့ကစတင်ကိုင်တွယ်ခဲ့ပြီး၊ မန်ယူ အသင်းကိုတစ်ရာသီအတွင်း ယူရိုပါလိဂ်ဖလား၊လိဂ်ဖလားနဲ့ကွန်မြူနတီဒိုင်းတို့ကိုရရှိအောင်စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
 
မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကိုဆုဖလားတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကိုရယူပေးနိုင်ခြင်းမရှိခဲ့တဲ့အပြင် ထိပ်သီးအသင်းတွေနဲ့ရင်ဆိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာလည်း နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုဟာ မန်ယူအသင်းကိုကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊စပါး၊ချယ်ဆီး၊အာဆင်နယ်၊လီဗာပူးလ် အသင်းတို့နဲ့အဝေးကွင်းပွဲစဉ် (၇) ပွဲတိတိရင်ဆိုင်ကစားခဲ့ရာမှာ နိုင်ပွဲမရှိခဲ့ဘဲ (၃) ပွဲသရေကျကာ (၄) ပွဲတိတိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် အဆိုပါအဝေးကွင်း (၇) ပွဲမှာ သွင်းဂိုး (၁) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး၊ပေးဂိုး (၉) ဂိုးအထိခွင့်ပြုထားခဲ့ရပါတယ်။မော်ရင်ဟိုရဲ့မန်ယူနည်းပြဘ၀မှာ အဆိုးရွားဆုံးရှုံးနိမ့်မှုကတော့ (၂၀၁၆) ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်း နဲ့ အဝေးကွင်းပွဲစဉ်ဖြစ်ပြီး အဝေးကွင်း မှာ (၄) ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
 

09 Nov 2017     1,293 Views




RELATED

Most Popular of Football

Most Popular of Sport