BEC-TERO TV

ခင်ပွန်းသုံးဦးကို အဆိပ်ခပ်သတ်မှုဖြင့် ဂျပန်အမျိုးသမီးကြီး သေဒဏ်စီရင်ခံရ

09 Nov 2017     1,392 Views


အသက်(၇၀)အရွယ် Chisako Kakeh ဆိုသူ ဂျပန်အမျိုးသမီးကြီးတစ်ဦးအား ၂၀၀၇ ခုနှဏ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ခင်ပွန်းသုံးဦးကို အဆိပ်ခပ်သတ်မှုဖြင့် Kyoto ပြည်နယ်တရားရုံးက သေဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။


“စဉ်းလဲသောမုဆိုးမ” ဟု နာမည်ပြောင်ပေးထားသော အသက်(၇၀) အရွယ် ဂျပန်အမျိုးသမီးကြီးမှာ အသက်ကြီးသော၊ အထီးကျန်နေသော၊ ကျန်းမာရေးချူချာသော အမျိုးသားကြီးများကို ပစ်မှတ်ထားကာ ချစ်သူရှာပေးသော အေဂျင်စီမှတစ်ဆင့် ချဉ်းကပ်ခဲ့ပြီးနောက် အသက်အာမခံကြေးများ ရယူနိုင်ရန် ကြိုတင်ကြံစည်ကာ အဆိပ်ခပ်သတ်ခဲ့ခြင်းဖြစ်သည်။

စတုတ္ထမြောက်ခင်ပွန်းကို ထုံစံအတိုင်း အဆိပ်ခပ်သတ်ရန် ကြိုးပမ်းစဉ် ဖမ်းခံခဲ့ရပြီး ယခင်က ကွယ်လွန်သွားသော ခင်ပွန်းဟောင်းများမှာ သူ၏ လက်ချက်ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း အမျိုးသားကြီး သုံးဦးကို ခက်ထပ်ခဲ့ပြီး ဆိုက်နိုက်အဆိပ်ကျွေးကာ သတ်ဖြတ်ခဲ့ပြီး အသက်အာမခံကြေး ဂျပန်ယန်း တစ်ဘီလီယံ ထုတ်ယူသုံးစွဲခဲ့ပြီးဖြစ်သည်။


၂၀၁၃ ခုနှစ်က အသက် ၇၅ အရွယ် အမျိုးသားနှင့် လက်ထပ်ခဲ့ပြီး တစ်လအကြာ ဒီဇင်ဘာလတွင် အမျိုးသား သေဆုံးခဲ့ပြီး သူမကို ၂၀၁၄ ခုနှစ်က ဖမ်းဆီးခဲ့သည်။ အဲ့သည်နောက်မှာတော့ အသက် (၇၁ နှစ်)၊ အသက် (၇၅ နှစ်) ခင်ပွန်းဟောင်း နှစ်ဦးကို သတ်ဖြတ်မှု အသက် (၇၉ နှစ်) အရွယ် ခင်ပွန်းဟောင်းကို သတ်ဖြတ်ရန် ကြံစည်မှုများနဲ့ ထပ်မံတရားစွဲဆိုခံရသည်။


အဆိုပါ စိတ်လွတ်လက်လွတ်သတ်ဖြတ်မှုများကို သူမ၏ ခင်ပွန်း အသက် ၅၄ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သူမ၏ အမှုကို ကြားနာရန် လူပေါင်း ၅၆၀ လောက် တရားရုံးရှေ့မှာ အင်္ဂါနေ့က လာရောက်တန်းစီနေတာကို NHK သတင်းဌါနက ထုတ်လွှင့်ခဲ့ပါတယ်။

ဆိုက်နိုက်အဆိပ်ကို ပုံနှိပ်လုပ်ငန်းလုပ်ကိုင်ခဲ့စဉ်က ရရှိခဲ့ကြောင်းဝန်ခံခဲ့ပြီး သေဆုံးသူများအားလုံးတွင်လည်း ဆိုက်နိုက်အဆိပ်ကျွေးခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ခင်ပွန်းဟောင်းများကို သတ်ဖြတ်ရာတွင် ဆိုက်နိုက်အဆိပ်ထည့်ထားသော ဆေးလုံးများကို အားဖြည့်ဆေးအဖြစ် လိမ်ညာပြီး တိုက်ကျွေးခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

သူမတွင်အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး တရားရုံးက သေဒဏ်စီရက်ချက်ခခဲ့သော်လည်း သူမ၏ ရှေ့နေဖြစ်သူက အသနားခံစာတင်ကာ အမှုကို အဆင့်မြင့်တရားရုံးတော်တွင် ထပ်မံစစ်ဆေးရန် ကြိုးပမ်းလျှက်ရှိပြီး အမှုကို စစ်ဆေးဖို့ နောက်ထပ် နှစ်အနည်းငယ်ကြာမြင့်ဦးမှာဖြစ်ပါတယ်။


တရားခံဖြစ်သူ အသက် ၇၀ အရွယ် Kakehi က “မနက်ဖန် သေဒဏ်စီရင်မယ်ဆိုရင်တောင် ပြုံးပြုံးလေးပဲ သေသွားမယ်” ဟု တရားသူကြီးကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

 


09 Nov 2017     1,392 Views




RELATED

Most Popular of International News

Most Popular of NEWS