BEC-TERO TV

အခွန်ရှောင်ရန်ပြည်ပတွင် ရင်းနှီးမြှုပ်နှံသူများထဲ ချားစ်မင်းသား ပါဝင်နေ

10 Nov 2017     1,248 Views


အခွန်ရှောင်ဖို့ ပြည်ပမှာရင်းနှီးမြှ်ုပ်နှံမှုတွေမှာ ဗြိတိန်အိမ်ရှေ့စံမင်းသား ချားစ်လည်း ပက်သက်မှုရှိနေတယ်လို့ထွက်ပေါ်လာသလို ကိုယ်ကျိုးစီးပွားရှာဖွေနေတယ်လို့လည်း ဝေဖန်ခံ နေရပါတယ်။အခွန်ရှောင်သူတွေအကြောင်းဖွင့်ချထားတဲ့ ပါရာဒိုက်ဇ်စာရွက်စာတမ်းတွေအရ ချားစ်မင်းသားဟာ အခွန်ရှောင်အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်လာတဲ့ ကြွယ်ဝသူတစ်ဦး ဖြစ်လာပါ တယ်။
 
မင်းသားရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ချို့ကို ပြည်ပကုမ်္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံ ထားပြီး အဲဒီကုမ်္ပဏီဟာ ကာဗွန်ထုတ်လွှတ်မှုအလိုက် မိုးသစ်တောတွေဖန်တီးဖို့ ကမာ်္ဘတစ်ဝှမ်း စည်းရုံးလှုံ့ဆော်နေမှုကနေ အကျိုးအမြတ်တွေရတယ်လို့ယူဆရတယ်ဆိုပြီး ဖွင့်ချလိုက်တဲ့ ပါရာဒိုက်စ် စာရွက်စာတမ်းတွေအရ သိရပါတယ်။စာရွက်စာတမ်းတွေအရ ချားစ်မင်းသားရဲ့ကုမ္ပဏီ The Dutchy of Cornwall ( ဒတ်ချီ အော့ဖ် ကွန်ဝေါ)ဟာ တစ်နှစ်အတွင်းမှာ ၀င်ငွေသုံးဆအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
 
မင်းသားဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုံ့ဆော်တာတွေလုပ်ခဲ့ပေမဲ့ ကာဗွန်လျှော့ချရေးလုပ်ဆောင်မယ့်အခြေအနေတွေကတော့ မတိုးတက်လာခဲ့ပါဘူး။ကုမ်္ပဏီ ဘက်ကတော့ ချားစ်မင်းသားဟာ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ပြောထားပါတယ်။အခုတစ်ပတ်အစောပိုင်းတုန်းကလည်း မင်းသားချားစ်ရဲ့ မယ်တော်ဖြစ်သူ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်ရဲ့ကိုယ်ပိုင်ငွေ ပေါင် ၁၀ သန်းနီးပါးကို ကေမန်ကျွန်းစုနဲ့ မာမြူဒါတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကို စာရွက်စာတမ်းတွေက ပြသနေပါတယ်။

10 Nov 2017     1,248 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS