BEC-TERO TV

အားလုံးစိတ်လှုပ်ရှားနေခဲ့တဲ့ Artist Theme

11 Nov 2017     10,128 Views


     ဒီတစ်ပတ်ရဲ့ X Factor Myanmar ရဲ့ Theme ကတော့ Artist Theme ဖြစ်ပြီး ပြိုင်ပွဲဝင်တိုင်းက ဆယ့်ကိုးရာစုနှစ်တွေတုန်းက ရွှေသီချင်းတွေရဲ့ ပိုင်ရှင်လည်းဖြစ်သလို  ဘာပဲလုပ်လုပ် Feel နဲ့ လုပ်တယ်၊ Feel နဲ့ ဆိုတတ်တဲ့ အန်ကယ် ပလေးဘွိုင်းသန်းနိုင်ရဲ့ သီချင်းတွေကို အန်ကယ် သင်ကြားညွှန်ပြပေးအတိုင်း ကိုယ်ပိုင်ဟန် ကိုယ်ပိုင် Feel တွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။

           ပြိုင်ပွဲရဲ့ အစမှာတော့ David Derrick (X11) က တေးရေး - ကိုလေးလွင်ရေးသားထားတဲ့ “မာနမင်းသား” ဆိုတဲ့ သီချင်းကို ကောင်းဘွိုင်တစ်ယောက်ဟန်နဲ့ ကောင်မလေး လေးယောက်နဲ့ အတူကရင်း ယှဉ်ပြိုင်သီဆိုခဲ့ပါတယ်။

         ယမုံ (X03) က အန်ကယ် ပလေးဘွိုင်းသန်းနိုင် သင်ကြားလမ်းညွှန်ခဲ့တဲ့ အတိုင်း ခံစားချက်အပြည့်နဲ့ တေးရေး - မောင်သစ်မင်းရေးထားတဲ့ “ကိုယ်ရေးရာဇဝင်” ဆိုတဲ့ သီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

        အန်ကယ် ပလေးဘွိုင်းသန်းနိုင်က သူ့ရဲ့ Hero လည်းဖြစ်တယ်လို့ ပြောတဲ့ G Mine Nar (X10) ကတော့ သူအရင်ကတည်းက သိပ်ဆိုချင်ခဲ့တဲ့ တေးရေး - သုခမိန်လှိုင်ရေးထားတဲ့ “သုံးရာသီအချစ်” ဆိုတဲ့ သီချင်းကို Dancer ကောင်လေးနှစ်ယောက်နဲ့ အတူ သူကိုယ်တိုင်ပါ ကရင်း သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

  ဒီတစ်ပတ်မှာ ပလတ်စတစ်အရုပ်မလေးဖြစ်သွားတဲ့ မယ်လိုဒီခေါင် (X08) ကတော့ တခြား အရုပ်မလေး လေးရုပ်နဲ့အတူ ကပြဖျော်ဖြေရင်း တေးရေး - မောင်သစ်မင်းရေးထားတဲ့ “ပလတ်စတစ်အချစ်” ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

  ငယ်ငယ်လေးကတည်းက အန်ကယ် ပလေးဘွိုင်းသန်းနိုင်ရဲ့ သီချင်းတစ်ပုဒ်ကို စတိတ်စင်ပေါ်မှာ သီဆိုချင်ခဲ့တယ်ဆိုခဲ့တာကြောင့် အခုလိုယှဉ်ပြိုင်သီဆိုခွင့်ရလို့ ဆန္ဒတွေပြည့်ခဲ့ရပြီလို့ ပြောခဲ့တဲ့ ကျော်ဇင်သန့် (X12) က တေးရေး - ပုသိမ်မောင်စိမ်းသူရေးထားတဲ့ “လမ်းဆက်လျှောက်မယ်” ဆိုတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ ယှဉ်ပြိုင်သီဆိုခဲ့ပါတယ်။

 

   ဂစ်တာတီးစသင်ကတည်းက ရင်းနှီးခဲ့ရတဲ့ သီချင်းတွေထဲက တစ်ပုဒ်နဲ့ သီဆိုယှဉ်ပြိုင်ခွင့်ရလို့ ဂုဏ်ယူ ဝမ်းမြောက်မိတယ်ဆိုတဲ့ OXYGEN (X06) ကလည်း တေးရေး - သုခမိန်လှိုင်ရေးထားတဲ့ “အနှေးရထား” ဆိုတဲ့ သီချင်းကို စတိတ်ပေါ်မှာ လူအဝင်အထွက်တွေ ရှုပ်ယှက်ခတ်နေတဲ့ ဘူတာလေးတစ်ခုကို ဖန်တီးပြီး ခံစားချက်အပြည့်နဲ့ Performance တွေလုပ်ရင်း သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

   ဒီတစ်ပတ် Artist Theme ဟာ ပြိုင်ပွဲဝင်တွေတွက်သာမက ဒိုင်လူကြီးတွေအတွက်ပါ စိတ်လှုပ်ရှား ရင်ခုန်စရာတွေ ပြည့်နေခဲ့ပါတယ်။ ဒီတစ်ပတ်ဟာ ကိုဇဝါအတွက်တော့ ဟိုး အရင်ကတည်းကနေ အခုထိ တစ်နေ့ထပ်တစ်နေ့ ပိုကြိုက်လာမိတဲ့ Artist ရဲ့ သီချင်းတွေကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ဖို့ရွေးပေးရတာကြောင့် ပိုပျော်ခဲ့ရ တယ်လို့ ပြောခဲ့ပါတယ်။ မဇန်နူးကတော့ အန်ကယ်က သူ့ရဲ့ စံပြတစ်ယောက်ဖြစ်ကြောင်းပြောရင်း အန်ကယ်စကားကို အမြဲနားထောင်ရင်း အခုထိအဲ့ဒီအတိုင်း နေခဲ့လို့ အပျိုကြီးဖြစ်နေတာပါလို့ စနောက်ခဲ့ပါတယ်။ မငယ်ကတော့ ပြိုင်ပွဲဝင်တွေအတွက် သီချင်းရွေးရင်း အရင်တုန်းက Memory တွေကို ပြန်ရှာတွေ့လို့ ကျေးဇူးတင်ကြောင်းခဲ့ပါတယ်။ ကိုစည်သူလွင်ကတော့ အရမ်းဝမ်းသာရသလို ကြိုက်တဲ့သီချင်း တွေကလည်း အရမ်းများတာကြောင့် ပြိုင်ပွဲဝင်အတွက် သီချင်းကိုရွေးရခက်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

          ပြိုင်ပွဲဝင်တွေအားလုံးကတော့ သူတို့ယှဉ်ပြိုင်သီဆိုမှုကို အန်ကယ် ပလေးဘွိုင်းသန်းနိုင်ကိုယ်တိုင် ပရိသတ်တွေနဲ့ အတူ လာရောက်အားပေးနေတာကြောင့် အကြီးအကျယ်စိတ်လှုပ်ရှားနေခဲ့ပြီး အမှားအယွင်းတချို့တောင် ဖြစ်ခဲ့ ကြပါတယ်။ အန်ကယ့်အတွက်လည်း ဆုတောင်းစကားနဲ့ ကျေးဇူးတင်စကားတွေပြောခဲ့ကြပါတယ်။

       ဒီတစ်ပတ်ရဲ့ X Factor Myanmar ရဲ့ Artist Theme ကလည်း တကယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြ တာကြောင့် မနက်ဖြန် Result အတွက် အရမ်းကို ရင်ခုန်နေရပြန်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင် နောက်တစ်ပတ်ဆက်ရှိနေဖို့ မနက်ဖြန် တနင်္ဂနွေနေ့ Voting Line တွေ မပိတ်ခင် Vote ပေးကြရအောင်နော်။

Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရပါတယ်။

 


11 Nov 2017     10,128 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW