BEC-TERO TV

The Voice Myanmar 2018 ပြိုင်ပွဲကြီးဆိုတာ.?

12 Nov 2017     2,026 Views


၂၀၁၈ ခုနှစ်မှာ ဖေဖော်ဝါရီလထဲမှာ MRTV-4 ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မည့် The Voice သီချင်းဆိုပြိုင်ပွဲဟာ အခြားအခြားသော သီချင်းဆိုပြိုင်ပွဲများနဲ့ လုံးဝမတူညီတဲ့ပုံစံနဲ့ အကောင်းဆုံးသော အသံပိုင်ရှင်ကိုသာ ရှာဖွေနေတာဖြစ်လို့ ပြိုင်ပွဲဝင်ရမယ့် Level တွေနဲ့ Coach တွေက ပြိုင်ပွဲဝင်တွေနဲ့အတူ ပရိသတ်တွေအားလုံးကိုပါ ရင်ခုန်စိတ်လှုပ်ရှားစေမှာ အမှန်ပဲဖြစ်ပါတယ်။

The Voice ဟာ လာရောက်သီဆိုယှဉ်ပြိုင်သူတွေရဲ့  ပြိုင်ပွဲသက်သက်သာမဟုတ်ပဲ အကဲဖြတ်လမ်းညွှန်မယ့် “Coach” တွေအချင်းချင်း ကြားမှာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတာကြောင့် “Two competitions In One” အဖြစ် ယှဉ်ပြိုင်မှု နှစ်မျိုးနှစ်စားကို ပြိုင်ပွဲတစ်ခုထဲမှာ မြင်တွေ့ရမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ Coach တွေကလည်း တော်ရုံတန်ရုံ အရည်အသွေးလောက်နဲ့ သူတို့ရဲ့ အသင်းသားအဖြစ် ရွေးချယ်မှာ မဟုတ်လို့ ထူးခြားတဲ့ အသံပိုင်ရှင်တွေကိုသာ တွေ့မြင်ရမယ့် တစ်ကယ့် Quality Show စစ်စစ်ဖြစ်မှာ သေချာပါတယ်။

မြန်မာနိုင်ငံမှာ Season 1 အဖြစ် ပွဲဦးထွက် ပြုလုပ်တဲ့ The Voice Myanmar 2018 မှာတော့ ပြိုင်ပွဲ Levels တွေကို Online Audition, Blind Audition, Battle Round နဲ့ Live Broadcast အဖြစ် Level လေးခု သတ်မှတ်ထားပါတယ်။

Online Audition

The Voice Myanmar က ပြိုင်ပွဲဝင်များကို အွန်လိုင်းမှတစ်ဆင့် နိုဝင်ဘာလ(၃) ရက်နေ့ထိ လျှောက်လွှာ ခေါ်ယူခဲ့ပါတယ်။ လျှောက်လွှာရှင်များထဲမှ ပထမအဆင့်အနေနဲ့ အလားအလာရှိသူများကို ရွေးချယ်ခေါ်ယူပြီး လူတွေ့စစ်ဆေးမှုများကို ပြုလုပ်၍ Blind Audition အဆင့်အတွက် ထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။
(Online Audition ကို တီဗီတွင် ထုတ်လွှင့်ပြသမည်မဟုတ်ပဲ  Blind Audition အဆင့်မှသာ စတင်ပြသမည်)


Blind Audition


ဒီအဆင့်ကတော့ The Voice Myanmar ရဲ့ အထင်ကရ ဂီတပညာရှင် Coach လေးဦးနဲ့ ပြိုင်ပွဲဝင်တို့ စတင်တွေ့ဆုံရမယ့် The Voice Myanmar ရဲ့ ပွဲဦးထွက် အဆင့်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ The Voice ဟာအခြားသီချင်းဆိုပြိုင်ပွဲနဲ့ လုံးဝမတူပါလားဆိုတဲ့ အရသာကို ပရိသတ်တွေ စတင်မြည်းစမ်းရမှာဖြစ်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ Audition ခန်းမထဲမှာတော့ နောက်ကျောပေးထားတဲ့ ခုံလေးခုံမှာ Coach လေးဦးက အသင့်အနေအထားရှိနေပြီး ယှဉ်ပြိုင်ရမယ့်သူက အသံစစ်ခန်းမထဲကို ဝင်လာရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဖြူတာ မဲတာ၊ ရုပ်ချောတာတွေ၊ Cute ဖြစ်တာတွေ၊ ဟာသလုပ်ပြတာတွေ၊ အသက်ကြီးတာတွေ ငယ်တာတွေ စသည်ဖြင့် ပြိုင်ပွဲဝင်ရဲ့ အပြင်ပန်းကိုယ်ရည်ကိုယ်သွေးကို Coach တွေ လုံးဝ မြင်တွေ့ရမှာ မဟုတ်ပဲ အသံတစ်ခုထဲပေါ်မှာသာ ဆုံးဖြတ်ရွေးချယ်သွားမှာ ဖြစ်လို့ ပြိုင်ပွဲဝင်အားလုံးဟာ ကိုယ့်ရဲ့ ပင်ကိုယ်အသံပေါ်မှာ မူတည်ပြီး တူညီတဲ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
ဒါဟာ The Voice ရဲ့ ထူးခြားတဲ့အသံပိုင်ရှင်ကိုသာ ရွေးချယ်မယ်ဆိုတဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။

Coach တွေဟာ နားထောင်နေရင်း ယှဉ်ပြိုင်သူကို နှစ်သက်ပြီး ရွေးချယ်မယ်လို့ ဆုံးဖြတ်တဲ့အချိန်ကျမှ သူ့ရဲ့ခုံမှာတပ်ဆင်ထားတဲ့ ခလုပ်ကိုနှိပ်ပြီး ခုံကို သီဆိုယှဉ်ပြိုင်သူဘက်သို့ ပြန်လှည်ကာ ဆက်လက်အားပေးနိုင်မှာဖြစ်ပါတယ်။ Coach တွေဟာ သီချင်းမပြီးဆုံးမီထိသာ ခလုပ်နှိပ်ပြီးရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ သီချင်းဆုံးသွားရင် ရွေးချယ်ခွင့် ဆုံးရှုံးသွားမှာမို့ Coach တွေအတွက်လည်း ရွေးမယ်/မရွေးဘူး ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။


သီဆိုအသံစစ်ခံမှု ပြီးဆုံးသွားချိန်တွင် ပြိုင်ပွဲဝင်သူအား ခလုပ်နှိပ်ကာ ရွေးချယ်ခဲ့သည့် Coach တစ်ဦးထက်ပိုခဲ့ပါက ပြိုင်ပွဲဝင်က မည်သူထံသို့သွားမည်ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကို စုဆောင်းရင်း နောက်ဆုံးမှာ Coach တစ်ဦးချင်းစီအတွက် အကောင်းဆုံးပြိုင်ပွဲဝင် (၁၂) ယောက်ပါဝင်တဲ့ အသင်းတစ်သင်းစီနဲ့ အသင်း ၄ သင်း ရရှိလာမှာဖြစ်ပါတယ်။

Battle Round


ဒီအဆင့်မှာတော့ Coach တစ်ဦးချင်းစီအောက်မှာ ရှိနေတဲ့ အဖွဲ့တူပြိုင်ပွဲဝင်အချင်းချင်း သီချင်းတစ်ပုဒ်ကို နှစ်ဦးအတူတူသီဆိုပြီး ယှဉ်ပြိုင်ရမယ့် အဆင့်ဖြစ်ပါတယ်။
သီဆိုရမယ့် သီချင်းနဲ့ ယှဉ်တွဲသီဆိုရမယ့် ပြိုင်ပွဲဝင် နှစ်ဦးကို သက်ဆိုင်ရာ Coach တွေကိုယ်တိုင် ရွေးချယ်တွဲပေးမှာ ဖြစ်လို့ Coach ရဲ့ ညွှန်ကြားနိုင်မှု စွမ်းရည်ကို မြင်တွေ့ရမယ့် အဆင့်ဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်ကို နှစ်ယောက်ယှဉ်တွဲ သီဆိုယှဉ်ပြိုင်ပြီးချိန်မှာတော့ သက်ဆိုင်ရာ Coach ကသာ ပြိုင်ပွဲဝင်တစ်ဦးကို ရွေးချယ်ပြီး ကျန်တစ်ဦးက အိမ်ပြန်သွားရမှာဖြစ်ပါတယ်။
ဒီအဆင့်ပြီးဆုံးချိန်မှာတော့ Coach တစ်ဦးချင်းစီမှာတော့ လက်ရွေးစဉ် (၆) ယောက် ကျန်ရှိနေမှာဖြစ်ပါတယ်။

Live Broadcast

ဒီအဆင့်မှာတော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ ပြိုင်ပွဲဝင်တွေအတွက် အဆုံးအဖြတ်ကို ပရိသတ်ကြီးက ဆုံးဖြတ်ပေးရမှာဖြစ်ပြီး Coach တွေအနေနဲ့ အကြံဉာဏ်ပဲပေးနိုင်ပြီး လုံးဝဆုံးဖြတ်ပိုင်ခွင့် မရှိတော့ပါဘူး။  
ပရိသတ်ရဲ့ မဲအဆုံးဖြတ် Vote system နဲ့ အဆုံးအဖြတ်နဲ့အတူ အပတ်စဉ် မဲအနဲဆုံး ပြိုင်ပွဲဝင် နှစ်ယောက်က အိမ်ပြန်သွားရမှာဖြစ်ပါတယ်။


အဆင့်ဆင့်ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာတော့ The Voice Myanmar 2018 ရဲ့ ထူးခြားတဲ့ အသံပိုင်ရှင်တစ်ဦးကို ပရိသတ်ကြီးကိုယ်တိုင် မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

The Voice Myanmar 2018 ရဲ့ Winner ဆုရှင်ဟာ Grand Prize နဲ့အတူ တန်ဖိုးဖြတ်လို့မရတဲ့ အမေရိကန်ကမ္ဘာကျော် တေးထုတ်လုပ်ရေး Universal Music နဲ့ သီချင်းအယ်လ်ဘမ် အခွေထုတ်ခွင့်ရရှိမှာဖြစ်ပါတယ်။


The Voice Myanmar 2018 Season 1 ကို လာမည့် ဖေဖော်ဝါရီလအတွင်းမှာ MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ထုတ်လွှင့်တော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးကြရဦးမည်ဖြစ်ပါတယ်။

The Voice Myanmar နဲ့ ပက်သက်တဲ့ သတင်းတွေကို အမြဲမပြတ် ဦးဦးဖျားဖျား Update လုပ်ပေးနေမှာဖြစ်လို့ popolay ရဲ့  Facebook စာမျက်နှာဖြစ်တဲ့ https://facebook.com/popolaytv/ ကို Like & See First လုပ်ထားဖို့ မမေ့နဲ့နော်..။
 


12 Nov 2017     2,026 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment