BEC-TERO TV

ကလပ်က မိန်းမတစ်ယောက် ကာရိုက်တာ မရိုက်ချင်တဲ့ မေသန်းနု

14 Nov 2017     1,256 Views


အကယ်ဒမီ မေသန်းနု ဟာ လတ်တလောမှာ  ရန်ကုန်မြို့ရဲ့ည ရုပ်ရှင်ကားကို ရိုက်ကူးနေပြီး ကလပ်က မိန်းမတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ် ထိုကာရိုက်တာနဲ့ ပတ်သတ်ပြီး “ ရှင်းရှင်းပြောရရင် မဆင့် ဒီကာရိုက်တာကို မရိုက်ချင်ဘူး ။ မဆင့်တို့နဲ့လည်းး သိပ်မလိုက်ဘူးပေါ့နော် ။ အဓိကကတော့ နောက်တကားရိုက်မယ့် ဇာတ်ကားကို ကမ်းလှမ်းရင်းနဲ့ ဒီကားလေးလဲ မဆင့်ရိုက်ပေးပါအုံး ဆိုတာနဲ့ လူရင်းတွေလည်း ဖြစ်နေတော့ ရိုက်ပေး ဖြစ်တာပါ ။အ၀တ်အစားပိုင်းနဲ့ ပတ်သတ်ပြီး ကလပ် ဆိုတော့ ကလပ်မှာ ၀တ်နေတဲ့ ပုံစံအတိုင်း လန်းလန်းဟော့ဟော့လေးတွေ ၀တ်ရမှာပေါ့နော် ။

အရင်က နည်းနည်းပါးပါး အဲ့ဒိဘက် သွားတယ်ဆိုရုံလောက်ပဲ ရိုက်ခဲ့ဘူးတာ အခုကတော့ ကလပ်မှာရှိတဲ့ လူငယ်တွေရဲ့ စရိုက်ကို သရုပ်ဖော်ပြီးတော့ မဆင့်ကလည်း ကလပ်မှာရှိတဲ့ မိန်းမတစ်ယောက် အနေနဲ့ ကလေးတွေကို ဘယ်လို ဂိုက်လိုင်းပေးတယ် ။ ကလေးတွေကို ဘယ်သူတွေနဲ့ ချိတ်ပေးတယ် အဲ့ဒါမျိုးလေးတွေ ရိုက်တာ ။ အရင် ရိုက်ဖူးတဲ့ ဇာတ်ကားတွေနဲ့ မတူဘူးပေါ့နော် ။

ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ကြိုက်မယ် မထင်ဘူး ။ မဆင့်တို့ကတော့ အနုပညာသမားတွေဆိုတော့ ဘယ် ကာရိုက်တာကို မဆို ရိုက်ဖို့တော့ ၀န်မလေးပါဘူး ။ ကလပ်ဆိုပေမယ့်လည်း ပညာပေးဇာတ်လမ်းလေးပါ ။ ကလပ်မှာ ရှိတဲ့ ကလေးတွေရဲ့ ဘ၀ ကဘယ်လိုသနားစရာကောင်းတယ် ။သူတို့ ဘယ်လို လှုပ်ရှား ရုန်းကန်ရတယ် ဆိုတာ ပညာပေး အနေနဲ့ ရိုက်ပြတာပါ ။ ကာရိုက်တာက ကိုယ့်အတွက်တော့ သိပ်မကောင်းဘူး ဒါပေမယ့် ဘယ်ကာရိုက်တာ မျိုးမဆို ကိုယ့်လက်ထဲကို ရောက်ရင် ကာရိုက်တာမိဖို့လိုတယ် ။ အဲ့ဒိ စေတနာ လေးကတော့ ကိုယ့်အတွက် အကျိုးပေးမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ် ။ 

Credit:popular


14 Nov 2017     1,256 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment