BEC-TERO TV

One Lady Show ကို ရန်ကုန် နဲ့ မန္တလေး တို့မှာ ပြုလုပ်သွားဖို့ စီစဉ်နေတဲ့ ၀ိုင်းစု

14 Nov 2017     1,242 Views


ဝိုင်းစု ရဲ့ One Lady Show ဖျော်ဖြေပွဲကြီးကို ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။ ရန်ကုန်မှာပဲ လုပ်ဖို့ စီစဉ်ထားပေမယ့် မန္တလေးက ပရိသတ်တွေ ရဲ့ တောင်းဆိုမှုကြောင့် မန္တလေးမှာ ပါ လုပ်ဖို့ စီစဉ်လိုက်တာလဲ ဖြစ်ပါတယ် ။

“One Lady Show အတွက် Dream Lover Band နဲ့ သီချင်းတွေတော့ တိုက်နေပါပြီ ။ ရန်ကုန်မှာပဲ လုပ်ဖို့ စီစဉ်ထားပေမယ့် မန္တလေးက ၀ိုင်းစုကို ချစ်ခင်ကြတဲ့ ပရိသတ်တွေ က မန္တလေးမှာလဲ လာလုပ်စေချင်ကြတဲ့ အတွက် မန္တလေးမှာလဲ လုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ ။ ရန်ကုန်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ နဲ့ မန္တလေးမှာ ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ပြုလုပ်သွားမှာပါ ။

မွေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လုပ်ဖြစ်တာက အမှတ်တကယ်တော့ ၀ိုင်းစုမွေးနေ့က ပွဲ အတိုက်များတယ်ဆိုတော့ ပရိတ်သတ်တွေလာပါ့မလား ကြောက်တာပေါ့ ဒါပေမယ့် ပရိတ်သတ်တွေက ၀ိုင်းစုမွေးနေ့မှာ ရှိုးပွဲလေးလုပ်ရင်း အတူတူဖြတ်သန်းချင်တယ် ဆိုတာကိုလည်း သိရတဲ့ အတွက် မွေးနေ့မှာ လုပ်ဖြစ်တာပါ ။ ရှိုးပွဲ အတွက် အခုထဲက သီချင်းတွေ စပြီးရွေးနေပြီ  ဘယ်အပိုင်းကို ဘယ်လို သီချင်းတွေ ဆိုမယ်ဆိုတာကို သေချာလေး ပြင်ဆင်ရမှာပေါ့နော် ။ ပွဲမှာ ပါဖော့မန့်စ် တွေလုပ်ဖို့ စဉ်းစားထားပါတယ် ။ မယ်သီတာ အခွေထဲက သီချင်းတွေကိုလည်း ထည့်သွင်းဖျော်ဖြေသွားမှာပါ” ဆိုပြီး ပြောထားပါတယ် ။ 

Credit:popular


14 Nov 2017     1,242 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment