BEC-TERO TV

ကစားသမား (၁၄) ဦးအထိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ခွင့်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

15 Nov 2017     1,293 Views


(၂၀၁၈) ခုနှစ် ရုရှားနိုင်ငံမှာကျင်းပမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရီးရဲလ်မက်ဒရစ်အသင်းမှကစားသမား (၁၄) ဦးအထိ သက်ဆိုင်လက်ရွေးစင်အသင်းတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ အကောင်းမွန်ဆုံးသောလူစာရင်းကိုပိုင်ဆိုင်ထား တဲ့အသင်းဖြစ်သလို၊ချန်ပီယံလိဂ်ဆုဖလားကိုလည်း (၂) နှစ်ဆက်တိုက်ရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းတင် ထားခဲ့တဲ့အသင်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားတွေဟာ ကလပ်အသင်းမှာလည်းခြေစွမ်း ကောင်းတွေပိုင်ဆိုင်ထားသလို၊နိုင်ငံလက်ရွေးစင်အသင်းတွေမှာလည်း အဓိကကစားသမားတွေအဖြစ် ခြေစွမ်း ပြသနေတဲ့ကစားသမားတွေဖြစ်ပါတယ်။(၂၀၁၈)ခုနှစ်၊ရုရှားနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ရီးရဲလ်မက်ဒရစ်အသင်းမှ ကစားသမား (၁၄) ဦးအထိ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေနဲ့အတူ ပါဝင်ယှဉ် ပြိုင်ရမှာဖြစ်ပါတယ်။
 
အဆိုပါကစားသမား (၁၄) ဦးထဲမှာ စပိန်ကစားသမားတွေက အများဆုံးဖြစ်ပြီး၊ရာမို့စ်၊ အစ္စကို၊ကာဗာဂျယ်၊အဆန်စီယို၊နာချို အစရှိတဲ့ကစားသမား (၅) ဦးအထိ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဘရာဇီးကစားသမားတွေဖြစ်တဲ့ ကတ်စမဲရိုးနဲ့မာဆယ် လိုတို့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ကစားသမားတွေဖြစ်သလို၊ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း အားထားရတဲ့ကစားသမားတွေဖြစ်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်လူစာရင်းအတွက် ရွေးချယ်ခံထားရတဲ့ကစားသမားတွေဖြစ်ပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိက တိုက်စစ်မှုး ဖြစ်တဲ့ စီရော်နယ်ဒိုကလည်း ပေါ်တူဂီအသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်သလို၊ လက်ရှိ မှာ အသက် (၃၃) နှစ်နီးပါးရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအတွက် (၂၀၁၈) ကမ္ဘာ့ဖလားဟာ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံး ပါဝင်ကစားခွင့်ရရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာဖို့လည်းရှိနေပါတယ်။အခြားသောကစားသမားတွေ ဖြစ်တဲ့ တိုနီခရူးစ်က ဂျာမနီအသင်း၊ဗာရာနီက ပြင်သစ်အသင်း၊ကေလာနာဗက်စ်က ကော်စတာရီကာအသင်း ၊ဟာကီမီက မော်ရိုကိုအသင်းတို့အတွက် အသီးသီးရွေးချယ်ခံထားရတဲ့ကစားသမားတွေဖြစ်ပါတယ်။ဒါ့အပြင် ယခုနောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင်မြင်သွားခဲ့တဲ့ ခရိုအေရှားအသင်းမှာလည်း ရီးရဲလ်မက်ဒရစ် အသင်းမှ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကိုဗာဆစ် နဲ့ မိုဒရစ်တို့ပါဝင်နေပြီး၊မိုဒရစ်ဟာ ခရိုအေးရှားအသင်း ကိုကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်အောင် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။

15 Nov 2017     1,293 Views




RELATED

Most Popular of Football

Most Popular of Sport