BEC-TERO TV

ခြေစမ်းပွဲပေမယ့် အကြိတ်အနယ်ရှိမယ့် ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ပွဲစဉ်

15 Nov 2017     1,276 Views


ဂျာမနီအသင်းနဲ့ ပြင်သစ်အသင်းတို့ဟာ လာမယ့်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် (၂) နာရီ (၁၅) မိနစ်အချိန်မှာခြေစမ်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ကလပ်အသင်းပွဲစဉ်တွေခေတ္တရပ်နားထားခဲ့ပြီး နိုင်ငံတကာခြေစမ်းပွဲ၊ ကမ္ဘာ့ဖ လားခြေစစ်ပွဲစဉ်တွေယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။
 
ဂျာမနီအသင်းနဲ့ ပြင်သစ်အသင်းတို့ဟာ လာမယ့်နိုဝင် ဘာ (၁၅) ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ရှိ ဘွန်ဒက်လီဂါကလပ်ကိုလုံးအသင်းရဲ့အိမ်ကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဂျာမနီအသင်းရဲ့လူစာရင်းမှာ ခြေစွမ်းကောင်းမွန်တဲ့လူငယ်ကစားသမားတွေ နဲ့ ၀ါရင့်ကစားသမားတွေပါဝင်လာနိုင်ဖွယ်ရှိသလို ပြင်သစ်အသင်းကလည်း ကလပ်အသင်းအသီးသီးမှာခြေ စွမ်းပြကစားနေကြတဲ့ နာမည်ကြီးကစားသမားစုကိုပွဲထုတ်လာဖွယ်ရှိပါတယ်။
 
ဂျာမနီအသင်းရဲ့လူစာရင်းမှာ ဆာနေး၊ ဒရက်ဇ်လာ၊ တီမိုဝါနာ၊ ကင်မစ်ခ်ျတို့လို လူငယ်ခြေတက်ကစားသမားတွေပါဝင်နေသလို ရူဒီဂါ၊ ခီဒီရာ၊ ဂေါ့ဇီနဲ့ ခီဒီရာတို့လိုဝါရင့်ကစားသမားတွေရှိနေပါတယ်။ ပြင်သစ်အသင်းဟာလည်း ဘာပေ၊ ကိုးမန်းနဲ့ သောမတ် လီမာတို့လို ခြေစွမ်းကောင်းမွန်တဲ့လူငယ်ကစားသမားတွေကို အသုံးပြုဖွယ်ရှိနေပြီး ကိုစီရယ်နီ၊ မာတူဒီ၊ ဂီရော့ဒ်နဲ့ ဂရစ်ဇ်မန်းတို့လို ကစားသမားကောင်းတွေကိုလည်းပါဝင်လာဖွယ်ရှိနေပါတယ်။
 
နှစ်သင်းစလုံးဟာ ကစားသမားကောင်းတွေကိုပွဲထုတ်လာမှာဖြစ်တာကြောင့်လည်း ခြေစမ်းပွဲဆိုပေမယ့် အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိပြီး ဥရောပအင်အားကြီးအသင်း (၂) သင်းထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်ဖြစ်တာကြောင့် လည်း (၂) သင်းကြားပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပါတယ်။ ဂျာမနီအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် (၂) နာရီ (၁၅) မိနစ်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး၊ အဲ့ဒီပွဲစဉ်ကိုတော့ MRTV-4 နဲ့ MRTV-4HD ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

15 Nov 2017     1,276 Views




RELATED

Most Popular of Football

Most Popular of Sport