BEC-TERO TV

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ထိပ်သီးအစည်းအဝေးများဖွင့်ပွဲအခမ်းအနား တက်ရောက်

15 Nov 2017     1,253 Views


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၀၉း၀၀)နာရီမှာ ဖိလစ်ပိုင်နိုင်ငံ Cultural Center of the Philippinesမှာ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ထိပ်သီးအစည်းအဝေးများဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို အာဆီယံနိုင်ငံများနှင့်အရှေ့အာရှနိုင်ငံ များမှ နိုင်ငံ့အကြီးအကဲများ၊ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊အာဆီယံနိုင်ငံများမှ နိုင်ငံခြား ရေးဝန်ကြီးများ၊စီးပွားရေးဝန်ကြီးများ၊လူမှုရေး-ယဉ်ကျေးမှုဝန်ကြီးများ၊ အလုပ်သမား ၀န်ကြီးများအာဆီယံအတွင်းရေးမှူးချုပ်နှင့်အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြ ကြောင်းသိရပါသည်။
အဲ့ဒီ့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ဒေသ စံတော်ချိန်(၁၀း၀၀) နာရီမှာဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (အာဆီယံနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများ၏ မျက်နှာစုံညီအစည်းအဝေး)သို့ တက်ရောက်ခဲ့ ပါသည်။
 
အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ဂျာကာတာမြို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာ အမြဲတမ်းကိုယ်စားလှယ်။သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရပါသည်။
 
အဲ့ဒီ့နောက်မှာတော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၁၂၀၀)နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC)ရှိ Banquet Hall ၌ ကျင်းပသည့် အာဆီယံနိုင်ငံအကြီးအကဲများနှင့် အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ASEAN Business Advisory Council)တို့ တွေ့ဆုံပွဲနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။အဆိုပါ အလုပ်သဘောနေ့လယ်စာ စားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားပါတယ်။
 

15 Nov 2017     1,253 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS