BEC-TERO TV

ဇာတ်ကားတွေနည်းသွားရတဲ့ အကြောင်းပြောပြတဲ့ မိုးယံဇွန်

15 Nov 2017     1,278 Views


Myanmar Media 7 နဲ့ ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားတာတွေရှိပါတယ် ။ MRTV Entertainment နဲ့ ဇာတ်လမ်းတွဲတခု ရိုက်ကူးဖို့ လက်ခံထားတာ ရှိပါတယ် ။

အရင်က ထုတ်လုပ်ရေးတခုနဲ့ပဲ လက်တွဲပြီးတော့ ဇာတ်ကားတွေ ရိုက်ကူးခဲ့တယ် ။ နောက်ဈေးကွက် အနေအထားတွေအရ လက်တွဲနေတဲ့ ကုမ္ပဏီ က ရိုက်ကူးရေးတွေ ရပ်သွားခဲ့တယ် ။ တခြား ကုမ္ပဏီ တွေ့က ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့ အချိန်မှာ ကုမ္ပဏီ နဲ့ ပဲအလုပ်တွေ ပြန်လုပ်မယ်ဆိုပြီး စောင့်နေခဲ့တယ် ။ မလိုက်ခဲ့ဘူး ။ ကျွန်တော်ရဲ့ အားနာမှုကြောင့် နစ်နာသွားတဲ့အပိုင်းလေးတွေပေါ့နော် ။ ထုတ်လုပ်ရေးနဲ့ ကျတော့လည်း သူတို့ရဲ့ကျေးဇူးတွေက ကျွန်တော့်အပေါ်မှာ ရှိနေတဲ့ အတွက် စောင့်နေခဲ့တာပါ ။ ထုတ်လုပ်ရေးဘက်က ရပ်နားလိုက်ပေမယ့်လည်း  ချုပ်ထားတဲ့ စာချုပ်က ကျန်နေသေးတဲ့ အတွက် စောင့်နေခဲ့တယ် ။

ဈေးကွက် အနေအထား အရ အခွေဆိုင်တွေ ပိတ်ကြတယ် ။ အဲ့ဒိတော့ အနုပညာလောကကို မှီခိုနေကြတဲ့ စက်အဖွဲ့တွေ ဇာတ်ပို့ဇာတ်ရန်တွေ ဘက်ကနေပြီးတော့ အသံတွေ ထွက်လာတယ် ။ အဲ့ဒါက ခေတ်ကြောင့်ပါ ။ အခုအဆိုးတွေ ကြုံလာရတယ်ဆိုပေမယ့် အကောင်းဆိုတာက ပြန်ကြုံရမှာပဲလေ ။ အကောင်းတွေ ကြုံနေရတဲ့ အချိန်တုန်းက ကျတော့ ဘယ်သူမှ အသံမထွက်ကြဘူး ။ ဆိုးတဲ့ အချိန်မှာ သည်းကြတာက သဘာဝ ပါပဲ အဲ့ဒိအပေါ်မှာ ကျွန်တော်ကတော့ဘာမှ မပြောချင်ဘူး ။ သူ့ဘာသာ သူ လည်ပတ်နေတာပါပဲ ။ ဘယ်သူ့ ဘယ်သူ့ မှာမှ ထိခိုက်နစ်နာမှု မရှိပါဘူး ။

အကောင်းအဆိုးက ဒွန်တွဲနေတာ ဖြစ်တဲ့ အတွက် ပြင်လို့တော့မရဘူး ။ တခုပဲ ရှိတယ် ။ ဒီလိုမျိုးဆိုးတဲ့ အခြေအနေကို မဖြစ်ချင်ဘူးဆိုရင်တော့ အစောကြီးကတည်းက စနစ်တခုကို တည်ထောင်ပြီးတော့ ကျင့်သုံးလိုက်မယ်ဆိုရင်တော့ ကောင်းတဲ့ အရာတစ်ခုကို  ဦးတည်သွားလိမ့်မယ် ။ အဓိက ကတော့ ကောင်းတဲ့ စနစ်ကို ဘယ်သူရွေးချယ်မလဲ ဘယ်သူဖန်တီးမလဲ ဆိုတာကို ကျွန်တော်တို့က စောင့်နေရတာပါ ။ အဲ့ဒါပဲ မျှော်လင့်လို့ ရပါတယ် ဆိုပြီး ပြောသွားခဲ့ ပါတယ်။ 

Credit: Democracy 


15 Nov 2017     1,278 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment