BEC-TERO TV

လေယာဉ်ပျက်ကျရာတွင် ၄ နှစ်သားကလေးတစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်

15 Nov 2017     1,261 Views


ရုရှားနိုင်ငံ Nelkan လေဆိပ်အနီး ကိုယ်ပိုင်လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့မှုတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

လူ ၇ ဦးတင်ဆောင်လာသော အဆိုပါလေယာဉ်ငယ်မှာ UK မှ Tenerife သို့ ပျံသန်းလာစဉ် Nelkan လေဆိပ်အနီးတွင် မြန်နှုံးမြင့်အရှိန်ဖြင့် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်အမှုထမ်းနှစ်ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပြီး ၄ နှစ်အရွယ်ကလေးတစ်ဦးတည်းသာ အသက်ရှင်ခဲ့ကြောင်း ဒေသခံအားဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်နမူနာပုံ


Let L-410 လေယာဉ်ငယ်ဟာ တာဘိုလတ် အမွှာအင်ဂျင်နှစ်လုံးတပ် လေယာဉ်ဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲအချိန်ခန့်က ပျကိကျခဲ့ခြင်းဖြေစ်ကြောင်း သိရှိရသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စစ်ဆေးနေပြီး ရာသီဥတုအခြေနေ အပြောင်းအလဲရှိနေချိန်မှာ လေယာဉ်မှူး၏ မှားယွင်းတွက်ချက်မှုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
 


15 Nov 2017     1,261 Views




RELATED

Most Popular of Special or Others

Most Popular of NEWS