BEC-TERO TV

ရန်ကုန်မြို့တွင်း ယာဉ်ကြောများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် စတင်ထိန်းကြောင်းတော့မည်

15 Nov 2017     1,243 Views


ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကို ဖြေရှင်းရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဖောက်ဖျက်သော ယာဉ်မောင်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဗဟိုထိန်းချုပ်ရေး စခန်းမှ ယာဉ်ကြော အားလုံးနှင့် မီးပွိုင့်များကို ထိန်းချုပ်မှု ပြုလုပ်မည့် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုမှာ လက်ရှိတွင် ပြီးစီးနေပြီဖြစ်၍ ယင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော မြန်မာရွှေယင်းကုမ္ပဏီမှ သက်ဆိုင်ရာ ဌာနများသို့ တရားဝင်လွှဲပြောင်းမှု ပြုလုပ်ပြီး သည်နှင့် စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းစဉ်ကို တရားဝင်လွှဲပြောင်း ပေးပြီးသည်နှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ယင်းလုပ်ငန်းစနစ်နှင့် တွဲဖက်အသုံးပြုမည့် အဆင့်မြင့်မီးပွိုင့်များကို ထိန်းချုပ်မည့် ဗဟိုထိန်းချုပ်ရေး စခန်းတည်ဆောက်ကာ ယာဉ်ထိန်းရဲများက တာဝန်ယူ၍ ယာဉ်လမ်းကြောင်းများနှင့် မီးပွိုင့်များကို ထိန်းချုပ်ဆောင်ရွက်မည် ဖြစ်သည်။


အဆိုပါ လုပ်ငန်းစဉ်များကို မြန်မာရွှေယင်း ကုမ္ပဏီမှ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ခြောက်လအတွင်း အကောင်အ ထည်ဖော်ပြီးစီးရန် စီစဉ်ခဲ့သော်လည်း သတ်မှတ်ကာလ ကျော်လွန်ပြီးစီးခဲ့သည့်အတွက် တစ်ရက်လျှင် ဒဏ်ကြေးငွေ ငွေကျပ် တစ်သိန်းပေးဆောင်ကာ လုပ်ငန်းပြီးမြောက်သည့် အချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။


''ဒီလုပ်ငန်းစဉ်က နိုင်ငံအဆင့် လုပ်ကိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီက တရားဝင်လွှဲပြောင်းပြီးမှ ရန်ကုန်မြို့တွင်းမှာ စတင်အသုံးပြုလို့ရမှာပါ။
မကြာမီ လွှဲပြောင်း တော့မှာပါ။ ဒီလုပ်ငန်းစဉ်ကို ရန်ကုန်မြို့အတွင်းမှာ အသုံးပြုရင် ယာဉ်မောင်းနှင်သူတွေအတွက် အကျိုးအများကြီးရှိမှာပါ
''ဟု အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူး ဝင်းလွင်က ပြောသည်။ ယင်းလုပ် ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်သောအခါတွင် ရန်ကုန်မြို့ အတွင်း၌ တပ်ဆင်ထားသော အဆင့်မြင့် မီးပွိုင့် ၁၅ဝ ကျော်နှင့် ချိတ်ဆက်အသုံးပြုမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



 


15 Nov 2017     1,243 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS