BEC-TERO TV

ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ဥရောပထိပ်သီး အီတလီအသင်း

16 Nov 2017     1,279 Views


အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်နောက်ဆုံးအဆင့် အိမ်ကွင်း၊အဝေးကွင်း ပွဲစဉ်(၂) ကျော့မှာ ဆွီဒင်အသင်းကို မကျော်ဖြတ်နိုင်ခဲ့ပဲ (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။အီတလီအသင်းဟာ နောက်ဆုံးအဆင့်ခြေစစ်ပွဲ ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ဆွီဒင်အသင်းကို (၁)ဂိုး၊ဂိုးမရှိဖြင့် ရှုံးနိမ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီတလီအသင်းဟာ ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ပထမအကျော့ကရှုံးကြွေးကိုချေဖျက်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်ကြိုးစားခဲ့ပေမယ့် ဆွီဒင်အသင်းဟာ အမှား အယွင်းမရှိ ဂိုးမပေးရအောင် ထိန်းကစားသွားခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။
အီတလီ အသင်းဟာ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန်တစ်လျှောက်လုံး ဆွီဒင်အသင်းအပေါ် အသာရအောင် ကစားနိုင်ခဲ့ပေမယ့် ဆွီဒင်အသင်းရဲ့ခံစစ်ပိုင်းနဲ့ဂိုးသမားကို ကျော်လွန်နိုင်ခြင်းမရှိပဲ ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ကမ္ဘာ့ဖလားဝင် ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။ အီတလီအသင်းဟာ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာလည်း ဆွီဒင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးပေါက်ကန်သွင်းမှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးမရယူနိုင်ခဲ့ပဲ ဆွီဒင်အသင်းကဂျိုဟန်ဆန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် တစ်ဂိုး၊ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
 
အီတလီအသင်းအနေနဲ့ ယခုတစ်ကြိမ်ကမ္ဘာ့ဖလားလွဲချော်မှုဟာ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်လွဲချော်မှု ဖြစ်ပြီး(၁၉၅၈)ခုနှစ်မှာလည်း ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့ဖူးတာဖြစ်ပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၄)ကြိမ်နဲ့ဒုတိယဆု(၂) ကြိမ်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
 

16 Nov 2017     1,279 Views




RELATED

Most Popular of Football

Most Popular of Sport