BEC-TERO TV

တောင်ကိုရီးယားအလုပ်လျှောက်လွှာ မန္တလေးမြို့၌ပါရောင်းချမည်

17 Nov 2017     1,290 Views


တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့်လျှောက်လွှာများကို လာမည့်နှစ်တွင် ရန်ကုန်မြို့အပြင် မန္တလေးမြို့၌ပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခင်က တောင်ကိုရီးယား အလုပ်လျှောက်လွှာကို ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံအလုပ်သမားသင်တန်းကျောင်း တစ်နေရာထဲတွင် ရောင်းချခဲ့ပြီး လာမည့်နှစ်တွင် မန္တလေးမြို့၌ပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌါန(ရန်ကုန်)မှ နိုင်ဝင်ဘာလ ၁၆ ရက်နေ့က သိရှိရသည်။


၂၀၁၇ ခုနှစ်အတွင်း ဝင်ခွင့်လျှောက်ထားသူဦးရေ ၃၃,၀၀၀ ရှိခဲ့ပြီး လျှောက်လွှာဝ်ာယူရာ၌ အလုယက်ဝယ်ယူမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည့်အတွက် လာမည့်နှစ်တွင် အဆေင်ပြေချောမွေ့စေရန် နှစ်နေရာခွဲ၍ ရောင်းပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌါနရန်ကုန်မှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးစိုးက ပြောကြားခဲ့သည်။

တောင်ကိုးရီးယားသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို မြန်မာအစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် HRD Korea တို့မှ EPS စနစ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်ပြီး သွားရောက်လိုသူများအနေနှင့် အရည်ချင်းစစ် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို ၂၄ ဒေါ်လာပေးသွင်း လျှောက်ထားဖြေဆိုရမည်ဖြစ်ကာ အဆင့်ဆင့်အောင်မြင်ပြီး ကိုရီးယားအလုပ်ရှင်နဲ့ တိုက်ရိုက်အင်တာဗျူး၍ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုပြီးမှသာ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခွင့်ရှိမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းစာတွင် ဖော်ပြပါရှိသည်။
 


17 Nov 2017     1,290 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS