BEC-TERO TV

နိုင်ဂျီးရီးယားအသင်းနဲ့ခြေစမ်းပွဲမှာ ဆေးရုံတင်ခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးအဂူရို

17 Nov 2017     1,287 Views


တိုက်စစ်မှူးအဂူရိုဟာ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစွမ်းပွဲမှာ အသင်းရဲ့အ၀တ်လဲခန်းအတွင်း အားပြတ် ကာသတိလစ်မေ့မြောမှု ဖြစ်ပွားခဲ့ပါတယ်။အဂူရိုဟာ နိုင်ဂျီးရီးယားအသင်းနဲ့ခြေစွမ်းပွဲစဉ်မှာ အာဂျင်းတီးနားအသင်းအတွက်ဒုတိယမြောက်သွင်းဂိုး ကိုသွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ နိုင်ဂျီးရီးယားအသင်းကို (၄)ဂိုး၊(၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပထမပိုင်းပွဲပြီးချိန်အထိ နိုင်ဂျီးရီးယားအသင်းကို (၂)ဂိုး၊ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုင် ခဲ့ပေမယ့် နိုင်ဂျီးရီးယားအသင်းရဲ့ အီဟီယာနာချိုနဲ့ အီဝိုဘီရဲ့သွင်းဂိုးတွေနဲ့ နိုင်ဂျီးရီးယားအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
 
အဆိုပါပွဲစဉ်မှာတိုက်စစ်မှူးအဂူရိုဟာ ပထမပိုင်းပွဲကစားချိန်အပြီး အသင်းရဲ့အ၀တ်လဲ ခန်းမှာ အသင်းဖော်တွေနဲ့ အတူရှိနေရင်း အားပြတ်ကာ သတိလစ်မေ့မျောခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် အဂူရိုဟာ ဒုတိယပိုင်းပွဲကစားချိန်ကို ၀င်ရောက်ကစားနိုင်ခြင်းမရှိပဲ အသင်းရဲ့ဆေးအဖွဲ့က ဆေးရုံသို့ပို့ဆောင် ခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီကတော့ အဂူရိုအနေနဲ့ မူးဝေကာသတိလစ် မေ့မျောခဲ့ တာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။
 
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပွဲကစားနေ ချိန်အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး အဂူရိုဟာ လက်ရှိအချိန်မှာ ပြန်လည်သက် သာလာပြီဖြစ်သလို ဆေးရုံမှလည်းပြန်ဆင်းလာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဂူရိုဟာ ကားမတော်တဆမှုကြောင့် ရရှိခဲ့တဲ့နံရိုးကျိုးဒဏ်ရာကနေ ယခုလတွင်မှ ပြန်လည် သက်သာ ကောင်းမွန်လာခဲ့တာဖြစ်ပြီး ယခုလိုဖြစ်ရပ်ထပ်မံ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

17 Nov 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport