BEC-TERO TV

အိန္ဒိယက အသံထက် မြန်တဲ့ ခရုဇ်ဒုံးကျည် BrahMos အရောင်းမြှင့်တင်ပွဲကို ဒူဘိုင်းလေ ကြောင်းပြပွဲမှာအရောင်းမြှင့်တင်

17 Nov 2017     1,278 Views


အိန္ဒိယက အသံထက် မြန်တဲ့ ခရုဇ်ဒုံးကျည် BrahMos  အရောင်းမြှင့်တင်ပွဲကို ဒူဘိုင်းလေ ကြောင်းပြပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ထုတ်လုပ်ရေး အ စိတ်အပိုင်းအချို့နဲ့ ကာကွယ်ရေး နည်းပညာပြခန်းငယ်တွေနဲ့ စည်ကားလျက်ရှိပြီး Sukhoi Su-30 MKI လေယာဉ်တွေ၊ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ ဒုံး ကျည်တွေကို ပြသထားတဲ့ အခန်းငယ်တစ်ခုကို ဖြတ်သွားသူတွေ တိုင်း အထူးစိတ်ဝင်တစားကြည့် ရှုကြပါတယ်။
 
ဘရာမော့စ်လေယာဉ်ထုတ် လုပ်ရေးအရာရှိနှစ်ဦးက သည်ဒုံး ကျည်အကြောင်း စိတ်ဝင်စားတဲ့ နိုင်ငံတကာက လက်နက်ကုမဏီတွေနဲ့ ကာကွယ်ရေးတပ်တွေကို သေချာရှင်းပြပါတယ်။
သည်ဒုံးကျည်က အခုပြပွဲအထဲမှာတော့ အသံထက်မြန်နှုန်းမြင့်တဲ့ တစ်ခုတည်းသောဒုံးကျည်ပဲ၊ သူက သည်ပြပွဲမှာ လာရောက်ပြ သကြတဲ့ တခြားနိုင်ငံတွေက အ သံအလျင်နှုန်းအောက် ဒုံးကျည်တွေထက်ကို ပိုမြန်တယ်၊ အသံ နှုန်းအောက် ဒုံးကျည်တွေထဲမှာ တော့ နာမည်အကြီးဆုံးပဲလို့ ဘရာ မော့စ်လေယာဉ်ကုမဏီက ဈေးကွက်ပိုင်းဆိုင်ရာ အထွေထွေမန်နေဂျာ ပရာဗင်ပက်သာက ဆိုပါတယ်။သည်ထုတ်ကုန်ဟာ အိန္ဒိယ နိုင်ငံတွင် လုပ်သည်ဆိုတဲ့ ပရိုဂရမ် အောက်က ထုတ်ကုန် ဖြစ်ပါတယ်။
 
လေကြောင်းပြပွဲတွေ၊ ပြည်ပ ထုတ်ကုန်ပစ္စည်းပြပွဲတွေမှာ ပါဝင်ပြသဖူးပေမဲ့ အရှေ့အလယ်ပိုင်းမှာ ပထမဆုံးပြသတဲ့ပွဲဖြစ်ပြီး ပြသထားတဲ့ ဒုံးကျည်တွေအကြောင်းကို အချို့နိုင်ငံတွေနဲ့ဆွေးနွေးမှာ ဖြစ်ပြီး အခြားဆွေးနွေးပွဲတွေကို လည်း သည်ပြပွဲကျင်းပနေချိန်မှာပဲ တစ်ပြိုင်နက်ကျင်းပသွားမယ်လို့ သူက ပြောပါတယ်။
သည်ဒုံးကျည်ဟာ အခြားနာ မည်ကြီး သံနှုန်းမြင့်ဒုံးကျည်တွေ ထက်သွားနှုန်းရော အဟုန်ရော ရှာဖွေရေးစနစ်ရော သုံးဆကနေ ကိုးဆအထိ ပိုကောင်းတယ်လို့ သူ ကပြောပါတယ်။
ဒါကို ဘက်စုံသုံးနိုင်အောင်လို့ စီစဉ်ထုတ်လုပ်ထားတယ်။ ပင်လယ်ထဲကနေ ပင်လယ်ထဲကို ပစ်နိုင်တယ်။ ပြီးတော့ ပင်လယ်ထဲ ကနေမြေပြင်၊ မြေပြင်ကနေ ပင်လယ်၊ မြေပြင်အချင်းချင်းကိုလည်းပစ်လို့ရသလို အမြောက် တွေကနေရောသင်္ဘောပေါ်ကနေ ပါ ပစ်လို့ရတယ်။ လက်ရှိမှာတော့ အိန္ဒိယရေတပ်မှာ စတင်သုံးစွဲနေပြီးသင်္ဘောပေါ်ကနေ ထောင်ပစ် လို့ရတယ်လို့ သူက ပြောပါတယ်။
 
ရေငုပ်သင်္ဘောကနေ ပစ်နိုင် တဲ့ ဒုံးကျည်တွေကိုလည်း ပြသထားပါတယ်။ ရေငုပ်သင်္ဘောက နေ ထောင်ပစ်လို့ရတဲ့ ဒုံးကျည်ရှစ် လုံးလောက်ကို ပြသထားပါတယ်။
စမ်းသပ်မှုတွေ ပြီးမြောက် သွားရင်တော့ ဝေဟင်သုံးဒုံးကျည်တွေကို အိန္ဒိယလေတပ်က အက်စ် ယူ-၃၀ အမ်ကေအိုင် တိုက်လေ ယာဉ်တွေမှာ တပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကီလိုမီတာ ၃၀ဝကို လှမ်းပစ်နိုင်တဲ့ဘရာမော့စ် ဒုံးကျည်နဲ့ အက်စ်ယူ-၃၀ အမ်ကေအိုင်တိုက်လေယာဉ်ကိုပေါင်း သုံးမယ်ဆိုရင် ပစ်ချင်တဲ့နေရာရဲ့ ကီလိုမီတာ ၃၀ဝ အကွာကနေ လှမ်းပစ်ပြီးတော့ လုံလုံခြုံခြုံ လှည့်ပြန်လာလို့ ရတယ်လို့ ဆိုပါ တယ်။
 
သည်ပြပွဲမှာ ဘရာမော့စ်တစ် ခုတည်းသာ အိန္ဒိယနိုင်ငံထုတ် ဒုံးကျည်ဖြစ်ပြီး ကမ္ဘာအနှံ့က ကာကွယ်ရေးနဲ့ ပြည်တွင်းသုံး လေယာဉ်ထုတ်ကုန်နဲ့ နည်းပညာတွေကို ကုမဏီပေါင်း ၁၆၀ကျော်တို့ က လာရောက် ပါဝင်ပြသခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီ၊ ယီမင်နဲ့ အီရန်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေတာ ကြောင့် လာရောက်လေ့လာသူတွေက လက်နက်ထုတ်လုပ်ရေး စနစ်ကို အလွန်တရာစိတ်ဝင်စား နေကြပါတယ်။
နာ မည် ကျော် ကာကွယ်ပစ္စည်းထုတ်လုပ်ရေးကုမဏီတွေ ဖြစ်တဲ့ ဘိုးရင်း၊ ဒက်ဆော့၊ ရေသီရွန်၊ရာဖေးလ်ထုတ်လက်နက်တွေကိုလည်းပြသထားပါတယ်။
 
Credit >> kumudranews

17 Nov 2017     1,278 Views




RELATED

Most Popular of International News

Most Popular of NEWS