BEC-TERO TV

သီဆိုဟန်အသစ်တွေနဲ့ International Theme

18 Nov 2017     1,086 Views


       ကဲ… The X Factor Myanmar ပရိသတ်ကြီးရေ… ဒီတစ်ပတ် International Theme ကတော့ ပြီးသွားပြန်ပါပြီ။ International Theme ဖြစ်နေတာကြောင့် ဒီတစ်ပတ်မှာ ပြိုင်ပွဲဝင် အားလုံးက နိုင်ငံတကာမှာ ကျော်ကြားရေပန်းစားနေတဲ့ သီချင်းတွေနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

  ကိုယ့်ဘာသာစကားနဲ့ ပြိုင်ပွဲဝင်ရင်တောင်မှ Key မှန်ဖို့၊ စာသားမမှားဖို့ ဆိုတာတွေက ပြိုင်ပွဲဝင်တွေ အတွက် အရမ်းကို သေချာဂရုစိုက်ပြင်ဆင်ရပါတယ်။ အခုတစ်ပတ်ကတော့ ပြိုင်ပွဲဝင်တိုင်းအတွက် စိန်ခေါ်မှုတွေ အများကြီးပါတဲ့ Theme တစ်ခုပါပဲ။ ဒီတစ်ပတ်မှာလည်း ပြိုင်ပွဲဝင်တွေ အားလုံးကအကောင်းဆုံး ကြိုးစားပြင်ဆင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

 

   ပထမဆုံး ပြိုင်ပွဲဝင် ယမုံ (X03) က Key အရမ်းမြင့်ပြီး ဆိုရတာခက်တဲ့ Katy Perry ရဲ့ “Roar”  သီချင်းကို အကကောင်းတဲ့ လူရိုင်းမလေး လေးယောက် ခြံရံပြီး ရဲဝင့်တဲ့လူရိုင်းမလေးဟန်ပန်နဲ့ အတူ ဖျော်ဖြေသွားတာဟာ ဆိုရင် ယမုံ အသစ် တစ်ယောက်ကို မြင်လိုက်ရသလိုပါပဲ။

    ဒုတိယပြိုင်ပွဲဝင် David Derrick (X11) က ပရိသတ်ကြီးကို တစ်ပတ်နဲ့တစ်ပတ် မရိုးအောင်လုပ်တတ် တဲ့ သူ့အကျင့်အတိုင်း ဒီတစ်ပတ်မှာလည်း   သူကိုယ်တိုင်လက်စွပ်ပေးရင်း အောင်သွယ်တော်လုပ်ကာ မင်္ဂလာ ပွဲလေး စီစဉ်ရင်း Bruno Mars ရဲ့ “Marry You” ဆိုတဲ့ သီချင်းကို မြူးမြူးကြွကြွလေး သီဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် လူပျိုကြီး David Derrick ကတော့ ဆိုရတာ အရသာမရှိဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ သူ့ရဲ့ Fan တွေ အတွက်တော့ ရင်ခုန်စရာလေးတွေ ဖြစ်သွားခဲ့မှာပေါ့နော်။

        တတိယပြိုင်ပွဲဝင် OXYGEN (X06) အဖွဲ့မှာ အငယ်ဆုံးဖြစ်တဲ့ မျိုးဆက်က ဒီအပတ် International Theme ကို အရမ်းဆိုချင်ခဲ့ပေမယ့် အူအတက်ရောင်တာကြောင့် အရေးပေါ်ခွဲစိတ်ခန်းဝင်လိုက်ရပြီး ပြိုင်ပွဲမဝင်နိုင်ခဲ့ပါဘူး။ ဒါတောင်မှ သူက ချုပ်ရိုးဖြေပြီးပြိုင်ပွဲဝင်ချင်နေခဲ့ကြောင်း  အစီအစဉ်တင်ဆက်သူ မှူးသီဟသူက ပြန်ပြောပြခဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့သားနှစ်ယောက်ကလည်း ဆန်းသစ်တည်ငြိမ်တဲ့ Performance ကို မာန်အပြည့်နဲ့ Rihanna ရဲ့ “Diamonds” ဆိုတဲ့ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

       စတုတ္ထပြိုင်ပွဲဝင် G MINE NAR (X10) ကတော့ ဒီတစ်ပတ်မှာ စင်ပေါ်တက်လာတဲ့ လမ်းတတစ်လျှောက်မှာ လူမိုက်တွေကို ဖိုက်ရင်း ရန်သူ့လက်ထဲက ကောင်မလေးကို ကယ်ဆယ်ခဲ့တဲ့ Hero တစ်ယောက်အဖြစ် Performance လုပ်ရင်း Charlie Puth ရဲ့ “One Call Away” ဆိုတဲ့ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

        နောက်ဆုံးပြိုင်ပွဲဝင် မယ်လိုဒီခေါင် (X08) ကတော့ Hotel Transylvania 2 ထဲက Fifth Harmony ရဲ့ “I’m In Love With a Monster” ဆိုတဲ့ သီချင်းကို Dancer ခြောက်ယောက်နဲ့ အတူတူ မယ်လိုဒီခေါင် အသစ်တစ်ယောက်များလားလို့ ထင်မှားရလောက်အောင် ခပ်မိုက်မိုက်လေး ကရင်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

         အခုဆိုရင် The X Factor Myanmar ရဲ့ ပြိုင်ပွဲဝင်တွေက တစ်ပတ်တစ်ပတ်နည်းလာသလို တစ်ပတ်ထက် တစ်ပတ်လည်း ပိုခက်ခဲ့လာတဲ့ Theme တွေအောက်မှာ အကြိတ်အနယ် ကြိုးစား ပြင်ဆင်လေ့ကျင့်ပြီး အကောင်းဆုံး ဖြစ်အောင် ယှဉ်ပြိုင်ကြတယ်ဆိုတာကို ပရိသတ်ကြီးလည်း မြင်နေရပါတယ်။ ပရိသတ်ကြီးအတွက်လည်း စနေနေ့တိုင်းက ပျော်ရွှင်ရင်ခုန်စရာတွေ ပြည့်နေပေမယ့် တနင်္ဂနွေတိုင်းကတော့ ဝမ်းနည်းနှမြောတသ ဖြစ်ရတတ်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် မနက်ဖြန်မှာ ကိုယ်အားပေးရတဲ့ ပြိုင်ပွဲဝင်နောက်တစ်ပတ် ဆက်ရှိနေဖို့ Voting များများပေးဖို့ မမေ့နဲ့နော်။

           Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရပါတယ်။


18 Nov 2017     1,086 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW